• Follow Us on

Home သန်လျင်မြို့အတွင်းရှိ Leader One အထည်ချုပ်စက်ရုံပိုင်ရှင်အသတ်ခံရ၊ ကျပ်သိန်း ၃၅၀၀ ကျော်နှင့်အတူ ယာဉ်မောင်းဖြစ်သူ ပျောက်ဆုံးနေ

သန်လျင်မြို့အတွင်းရှိ Leader One အထည်ချုပ်စက်ရုံပိုင်ရှင်အသတ်ခံရ၊ ကျပ်သိန်း ၃၅၀၀ ကျော်နှင့်အတူ ယာဉ်မောင်းဖြစ်သူ ပျောက်ဆုံးနေ

Share this post

ရန်ကုန်၊ မတ် ၈

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့အတွင်းရှိ Leader One အထည်ချုပ်စက်ရုံပိုင်ရှင် Mr. Ho Sik Hong အသတ်ခံရပြီး၊ ကျပ်သိန်း ၃၅၀၀ ကျော်နှင့်အတူ ယာဉ်မောင်းဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဟောင်ကောင်နိုင်ငံကူးလက်မှတ် (KJ0713397) ကိုင်ဆောင်သူ Mr.Ho Sik Hong နှင့် ယာဉ်မောင်း ဦးလှမင်းမျိုးတို့သည့် Leader One အထည်ချုပ်စက်ရုံ ဝန်ထမ်းလစာပေးချေရန်အတွက် ငွေကျပ် သိန်း (၃၅၄၀) အား ၂၀၂၂ ခုနှစ် မတ်လ (၄) ရက်နေ့ ညနေ (၄) နာရီကျော်အချိန်တွင် လမ်းမတော်မြို့နယ် (၉) လမ်းမှ Leader One အထည်ချုပ်စက်ရုံတည်ရှိရာ အလွမ်းဆွမ်ကျေးရွာသို့ Toyota Alphard ယာဉ်ဖြင့် ယူ ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ငွေများယူဆောင်သွားသော Mr. Ho Sik Hong နှင့် ယာဉ်မောင်းတို့သည် စက်ရုံသို့ ရောက်ရှိခြင်းမရှိ ဘဲ ပျောက်ဆုံးလျက်ရှိကြောင်း၊ Mr.Ho Sik Hong သည် ၎င်းနေထိုင်ရာ Star City အဆောက်အဦး A4 အခန်း အမှတ် (၂၁၂) တွင်လည်း မတွေ့ရှိကြောင်း၊ ယာဉ်မောင်းဖြသ်သူမှာလည်း ကျောင်းတန်းမြို့တွင် နေထိုင်သူ ဖြစ်ပြီး ဆက်သွယ်မရ၍ သက်ဆိုင်ရာအား တိုင်တန်းခဲ့ကြောင်း သိရသည်။

 

ထို့နောက် ပျောက်ဆုံးနေသည့် Mr. Ho Sik Hong သည် မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် သန်လျင်မြို့၊ အလွမ်းဆွတ်ကျေးရွာတွင် Alphard ယာဉ်ပေါ်၌ သေဆုံးနေခြင်းဖြစ်ပြီး၊ ယာဉ်မောင်းဖြစ်သူနှင့် ငွေကျပ် ၃၅၄၀ သိန်းမှာတော့ မတွေ့ရှိတော့ကြောင်း သိရသည်။

 

အဆိုပါ အမှုဖြင့် ပတ်သက်ပြီး၊ သန်လျင်မြို့မရဲစခန်းမှ (ပ)၇၈/ ၂၀၂၂ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂၊ ပုဒ်မ-၃၉၄ တို့ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post