• Follow Us on
Latest News

Home သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာ၌ ဈေးဝယ်ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာ၌ ဈေးဝယ်ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

သန်လျင်မြို့၊ ဘုရားကုန်းကျေးရွာ၊ ကညင်ပင်လမ်းမတွင် ဈေးဝယ်ပြန်လာသည့် အမျိုးသားတစ်ဦးသည် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် အဆိုပါ သန်လျင်မြို့နယ်၊ သောက်တော် တွင်းရပ်ကွက်၊ ဝေနေယျသုခလမ်းတွင်နေထိုင်သည့် ဦးအုန်းသန်းသည် ဆိုင်ကယ်ဖြင့် ဘုရားကုန်းကျေးရွာရှိ ကညင်ပင်ဈေးမှ ဈေးဝယ်ပြီးပြန်လာစဉ် ကညင်ပင်လမ်းမအရောက်၌ အမည်မသိသူလက်နက်ကိုင်နှစ်ဦးမှ ဆိုင် ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်းအားသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရင်ညွန့်ကျည်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ရင်အုံ ကျည် တစ်ရာတစ်ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင် ပစ်ခတ်ခဲ့သည့် ကျည်ခွံ ၃ ခုအား စစ်ဆေးရာ 9MM LUGER USA ထုတ်ဖြစ်ကြောင်းနှင့် ပစ်ခတ်ခဲ့ သည့်သူများမှာ ဘုရားကုန်းမီးပွိုင့်လမ်းဆုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်ဟု နယ်မြေခံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

၎င်းအား မည်သည့်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကိုမူ လက်ရှိအချိန်ထိ မသိရှိရသေးပေ။

 

သေဆုံးခဲ့သည့် ဦးအုန်းသန်းရုပ်အလောင်းကို သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး တရားခံဖမ်းဆီးရမိ ရေးကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

 

#PeopleMedia #သန်လျင် #ဘုရားကုန်း

 

(unicode)


…………………………………………………………………………………

 


 


 


 


 


 


 



Share this post