• Follow Us on

Home သန်လျင်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

သန်လျင်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသည့် ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ် ရှိ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ သန်လျင်မြို့နယ်၊ အလယ်ရွာကျေးရွာ၊ ကျိုက်ခမီစေတီတော်အနီးတွင် အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်၌ လုံခြုံရေးတပ်ဖွဲ့ယာဉ်ကို စေတီပေါ်မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

 

အဆိုပါ တပ်ဖွဲ့ယာဉ်သည် နည်းပညာတက္ကသိုလ်တွင် လုံခြုံရေးဆောင်ရွက်ရန် လက်ယက်စမ်းကျေးရွာမှ ထွက် လာသည့် လုံခြုံရေးတပ်ဖွဲ့ယာဉ်ဖြစ်ပြီး အလယ်ရွာကျေးရွာ၊ ကျိုက်ခမီစေတီပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ရာမှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။

 

အလားတူ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရဲရုံးအတွင်း လုံခြုံရေးယူထားသည့် တပ်ဖွဲ့ဝင်များကို ရန်ကုန် PDF မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

 

Photo – ပုံအဟောင်းပြန်လည်အသုံးပြုထားသည်။

 

#PeopleMedia #သန်လျင် #ပစ်ခတ်မှု

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post