• Follow Us on

Home သန္လ်င္ သဘာ၀တရားရိပ္သာတြင္ ကုိဗစ္ပုိးေတြ႕႐ွိသူ ေလးရာ့ခုႏွစ္ဦး အထိ႐ွိေန

သန္လ်င္ သဘာ၀တရားရိပ္သာတြင္ ကုိဗစ္ပုိးေတြ႕႐ွိသူ ေလးရာ့ခုႏွစ္ဦး အထိ႐ွိေန

Share this post

ရန္ကုန္၊ ႏုိ၀င္ဘာ – ၁၆
ရန္ကုန္တုိင္းေဒသႀကီးအတြင္း ကုိဗစ္ႏုိင္တီးေရာဂါ ျဖစ္ပြားမႈကူးစပ္မႈမ်ားအနက္ အသက္ႀကီး႐ြယ္အုိမ်ားႏွင့္ စားဝတ္ေနေရးအခက္အခဲျဖစ္ေနသူမ်ားကုိ ကူညီေထာက္ပ့ံမႈမ်ား ျပဳလုပ္ေပးေနသည့္ သန္လ်င္ၿမိဳ႕နယ္ သန္လ်င္သဘာ၀တရားရိပ္သာ၌ ကုိဗစ္ေရာဂါ ပုိးေတြ႕႐ွိသူအေရအတြက္ ေလးရာ့ခုႏွစ္ဦးအထိ ႐ွိလာ ေၾကာင္း သိရပါတယ္။
လက္႐ွိတြင္ သန္လွ်င္ၿမိဳ႕ သဘာ၀တရားရိပ္သာ၌ လူပုဂၢိဳလ္ႏွင့္ သံဃာေတာ္၊ သီလ႐ွင္ဦးေရ ေလးေထာင္ ေက်ာ္႐ွိၿပီး အထက္ပါအနက္ ႏွစ္ေထာင္ေက်ာ္အား ေအာက္တုိဘာ ၂၈ ရက္ကေနစတင္ကာ စစ္ေဆးရာ၌ ႏုိ၀င္ဘာ ၁၄ ၇က္ေန႔ထိ ကုိဗစ္ပုိးေတြ႔႐ွိသူ စုစုေပါင္း ေလးရာ့ခုႏွစ္ဦး ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္။
“ပိုးေတြ႕လူနာ စုစုေပါင္း ၄၀၇ ဦး၊ သံဃာ ၁၆ ပါး၊ သီလ႐ွင္ အပါး ၇၀၊ သီလ႐ွင္ေတြက သိပ္ၿပီး အသက္ ႀကီးတဲ့သူေတြမပါဘူး၊ လူေတြက အသက္ႀကီးတာေတြမ်ားတယ္၊ ဘုိးဘြားေတြၾကေတာ့ ၁၄၅ ဦး၊ အမ်ဳိးသမီးေတြက ၁၇၆ ဦး၊ အဲထဲမွာ ဘုိးဘြားေတြက မ်ားတယ္“ လုိ႔ ဆရာေတာ္အ႐ွင္ဥတၱမသာရက မိန္႔ၾကားပါတယ္။
သန္လ်င္ သဘာ၀တရားရိပ္သာတြင္ လက္႐ွိကူးစပ္မႈမ်ားအား ႏွစ္ပုိင္းခြဲကာ ထား႐ွိထားၿပီး ကူးစပ္မႈ ေပ်ာက္ကင္းသူမ်ားကုိ အစုိးရေက်ာင္းမ်ားတြင္ ထား႐ွိထားကာ အခ်ိဳ႕ေသာ လူနာမ်ားကုိ ေက်ာင္း အတြင္း၌ ထား႐ွိၿပီး ကုသမႈမ်ားကုိ ေဆာင္႐ြက္ေပးလ်က္႐ွိေၾကာင္း ဆရာေတာ္အ႐ွင္ဥတၱမသာရက မိန္႔ၾကားပါတယ္။
“ေရာဂါေပ်ာက္ကင္း၍ ျပန္လာတဲ့လူနာေတြကုိေတာ့ အစုိးရေက်ာင္းမွာ သက္သက္ထားကာ ျပဳစုရ ခက္ခဲၿပီး အိပ္ယာထဲလဲေနတဲ့ လူေပါင္း ေလးငါးဆယ္ကုိ ရိပ္သာထဲမွာထားကာ ကူညီေပးခ်င္တဲ့ Volunteer တစ္ခ်ဳိ႕က ကူညီ၍ အမ်ားစုကုိဗစ္ေဆး႐ုံေတြမွာၾကေတာ့ အိပ္ယာထဲလဲေနတဲ့လူေတြၾကေတာ့ ကုသေပးဖုိ႔မလြယ္ဘူး” ဆရာေတာ္အ႐ွင္ဥတၱမသာရက မိန္႔ပါတယ္။
က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ ႏုိ၀င္ဘာ ၁၅ ရက္ ညပုိင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံ၌ ကုိဗစ္အတည္ျပဳလူနာ စုစုေပါင္း ၆၈၉၉၄ ဦး ႐ွိေနၿပီး ေသဆုံးသူစုစုေပါင္း ၁၅၇၇ ဦး႐ွိကာ ေရာဂါမွ ျပန္လည္သက္သာလာသူ ၅၂၃၅၁ ဦး႐ွိၿပီျဖစ္ေၾကာင္း သိရသည္။

#PeopleMedia

(unicode)
သန်လျင် သဘာဝတရားရိပ်သာတွင် ကိုဗစ်ပိုးတွေ့ရှိသူ လေးရာ့ခုနှစ်ဦး အထိရှိနေ
……………………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ – ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်နိုင်တီးရောဂါ ဖြစ်ပွားမှုကူးစပ်မှုများအနက် အသက်ကြီးရွယ်အိုများနှင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသူများကို ကူညီထောက်ပ့ံမှုများ ပြုလုပ်ပေးနေသည့် သန်လျင်မြို့နယ် သန်လျင်သဘာဝတရားရိပ်သာ၌ ကိုဗစ်ရောဂါ ပိုးတွေ့ရှိသူအရေအတွက် လေးရာ့ခုနှစ်ဦးအထိ ရှိလာ ကြောင်း သိရပါတယ်။
လက်ရှိတွင် သန်လျှင်မြို့ သဘာဝတရားရိပ်သာ၌ လူပုဂ္ဂိုလ်နှင့် သံဃာတော်၊ သီလရှင်ဦးရေ လေးထောင် ကျော်ရှိပြီး အထက်ပါအနက် နှစ်ထောင်ကျော်အား အောက်တိုဘာ ၂၈ ရက်ကနေစတင်ကာ စစ်ဆေးရာ၌ နိုဝင်ဘာ ၁၄ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း လေးရာ့ခုနှစ်ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ပိုးတွေ့လူနာ စုစုပေါင်း ၄၀၇ ဦး၊ သံဃာ ၁၆ ပါး၊ သီလရှင် အပါး ၇၀၊ သီလရှင်တွေက သိပ်ပြီး အသက် ကြီးတဲ့သူတွေမပါဘူး၊ လူတွေက အသက်ကြီးတာတွေများတယ်၊ ဘိုးဘွားတွေကြတော့ ၁၄၅ ဦး၊ အမျိုးသမီးတွေက ၁၇၆ ဦး၊ အဲထဲမှာ ဘိုးဘွားတွေက များတယ်“ လို့ ဆရာတော်အရှင်ဥတ္တမသာရက မိန့်ကြားပါတယ်။
သန်လျင် သဘာဝတရားရိပ်သာတွင် လက်ရှိကူးစပ်မှုများအား နှစ်ပိုင်းခွဲကာ ထားရှိထားပြီး ကူးစပ်မှု ပျောက်ကင်းသူများကို အစိုးရကျောင်းများတွင် ထားရှိထားကာ အချို့သော လူနာများကို ကျောင်း အတွင်း၌ ထားရှိပြီး ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆရာတော်အရှင်ဥတ္တမသာရက မိန့်ကြားပါတယ်။
“ရောဂါပျောက်ကင်း၍ ပြန်လာတဲ့လူနာတွေကိုတော့ အစိုးရကျောင်းမှာ သက်သက်ထားကာ ပြုစုရ ခက်ခဲပြီး အိပ်ယာထဲလဲနေတဲ့ လူပေါင်း လေးငါးဆယ်ကို ရိပ်သာထဲမှာထားကာ ကူညီပေးချင်တဲ့ Volunteer တစ်ချို့က ကူညီ၍ အများစုကိုဗစ်ဆေးရုံတွေမှာကြတော့ အိပ်ယာထဲလဲနေတဲ့လူတွေကြတော့ ကုသပေးဖို့မလွယ်ဘူး” ဆရာတော်အရှင်ဥတ္တမသာရက မိန့်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၅ ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၈၉၉၄ ဦး ရှိနေပြီး သေဆုံးသူစုစုပေါင်း ၁၅၇၇ ဦးရှိကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၅၂၃၅၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

#PeopleMedia


Share this post