• Follow Us on
Latest News

Home သန္႔ရွင္းမွ်တသည့္ေရြးေကာက္ပြဲျဖစ္ပါက ၉၀ ရာခိုင္ႏႈန္းရမည္ဟု ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ တြဲဖက္အတြင္းေရးမွဴးေျပာ

သန္႔ရွင္းမွ်တသည့္ေရြးေကာက္ပြဲျဖစ္ပါက ၉၀ ရာခိုင္ႏႈန္းရမည္ဟု ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ တြဲဖက္အတြင္းေရးမွဴးေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၉
၂၀၂၀ ပါတီစံု ဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲသည္ သန္႔ရွင္းမွ်တသည့္ ေရြးေကာက္ပြဲ ျဖစ္ပါက ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ (KNDP) အေနျဖင့္ ၉၀ရာခိုင္ႏႈန္း အႏိုင္ရမည္ဟု ခန္႔မွန္းထားေၾကာင္း ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ တြဲဖက္အတြင္းေရးမွဴး(၂) ေဒၚေနာ္သဇင္တုပ္က ေျပာပါတယ္။
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ တရားမွ်တသည့္ ေရြးေကာက္ပြဲျဖစ္ေစရမည္ဟု ေျပာဆို ေနေသာ္လည္း လက္ရွိတြင္ ၾကဳံေတြ႕ရေသာ ေရြးေကာက္ပြဲ ဆိုင္ရာ ျပႆနာမ်ား ႏွင့္ ပတ္သက္၍ ေကာ္မရွင္ထံတြင္ ႏိုင္ငံေရးပါတီမ်ားအေပၚရွင္းလင္းျခင္းမရွိေၾကာင္း ၎ကဆိုပါတယ္။
“ပြင့္လင္းျမင္သာၿပီး သန္႔ရွင္းတဲ့ ေရြးေကာက္ပြဲ ျဖစ္ရင္ေတာ့ ကြ်န္မတို႔က စိတ္ပူစရာမရွိဘူး၊ ဒါေပမဲ့ အမွားအယြင္း တစ္ခုခုရွိလာရင္ ကြ်န္မတို႔ ေမွ်ာ္လင့္တဲ့ ရလဒ္က အျပည့္မရတင္ေတာင္ အတိုင္းအတာတစ္ခုထိေတာ့ ရမယ္လို႔ေတာ့ ယံုၾကည္တယ္၊ သန္႔ရွင္းၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ရင္ တိုင္းရင္းသားပါတီေတြ အႏိုင္ရမယ္လို႔ ေျပာလို႔ ရပါတယ္”ဟု ေဒၚေနာ္သဇင္တုပ္က ေျပာပါတယ္။
ယခုေရြးေကာက္ပြဲတြင္ တိုင္းရင္းသားပါတီမ်ား အႏိုင္ရန္ လိုအပ္ၿပီး ထိုသို႔ အႏိုင္ရရွိမွသာ လႊတ္ေတာ္ထဲတြင္ အမွန္တကယ္ တိုင္းရင္းသား ကိုယ္စားျပဳ ကိုယ္စားလွယ္မ်ား ေရာက္ရွိကာ တိုင္းရင္းအေရးကို ေဆာင္ရြက္ ႏိုင္မည္ ျဖစ္ေၾကာင္း ၎ကဆိုပါတယ္။
“သန္႔ရွင္းၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ရင္ တိုင္းရင္းသားပါတီေတြ အႏိုင္ရမယ္လို႔ ေျပာလို႔ ရပါတယ္”ဟု ေဒၚေနာ္သဇင္တုပ္က ေျပာပါတယ္။
ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ အေနျဖင့္ ယခုေရြးေကာက္ပြဲတြင္ ဧရာ၀တီတိုင္းအတြင္းရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္မွ မဲဆႏၵနယ္ ၂၉ ေနရာကို ၀င္ေရာက္ယွဥ္ၿပိဳင္ထားၿပီး ယင္းပါတီအေနျဖင့္ လက္ရွိ မဲဆြယ္စည္းရံုးေရး ကာလတြင္ ကရင္လူမ်ိဳးမ်ားဆံုး ေထာက္ခံမူရေနသည့္ ပါတီတစ္ခုလည္း ျဖစ္သည္။
Photo – KNDP FB
#PeopleMedia
(unicode)
သန့်ရှင်းမျှတသည့်ရွေးကောက်ပွဲဖြစ်ပါက ၉၀ ရာခိုင်နှုန်းရမည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူးပြော
……………………………………………..
ရန်ကုန်၊ အောက်တိုဘာ ၂၉
၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် သန့်ရှင်းမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါက ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) အနေဖြင့် ၉ဝရာခိုင်နှုန်း အနိုင်ရမည်ဟု ခန့်မှန်းထားကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး(၂) ဒေါ်နော်သဇင်တုပ်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရမည်ဟု ပြောဆို နေသော်လည်း လက်ရှိတွင် ကြုံတွေ့ရသော ရွေးကောက်ပွဲ ဆိုင်ရာ ပြဿနာများ နှင့် ပတ်သက်၍ ကော်မရှင်ထံတွင် နိုင်ငံရေးပါတီများအပေါ်ရှင်းလင်းခြင်းမရှိကြောင်း ၎င်းကဆိုပါတယ်။
“ပွင့်လင်းမြင်သာပြီး သန့်ရှင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ရင်တော့ ကျွန်မတို့က စိတ်ပူစရာမရှိဘူး၊ ဒါပေမဲ့ အမှားအယွင်း တစ်ခုခုရှိလာရင် ကျွန်မတို့ မျှော်လင့်တဲ့ ရလဒ်က အပြည့်မရတင်တောင် အတိုင်းအတာတစ်ခုထိတော့ ရမယ်လို့တော့ ယုံကြည်တယ်၊ သန့်ရှင်းပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် တိုင်းရင်းသားပါတီတွေ အနိုင်ရမယ်လို့ ပြောလို့ ရပါတယ်”ဟု ဒေါ်နော်သဇင်တုပ်က ပြောပါတယ်။
ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အနိုင်ရန် လိုအပ်ပြီး ထိုသို့ အနိုင်ရရှိမှသာ လွှတ်တော်ထဲတွင် အမှန်တကယ် တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်များ ရောက်ရှိကာ တိုင်းရင်းအရေးကို ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။
“သန့်ရှင်းပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် တိုင်းရင်းသားပါတီတွေ အနိုင်ရမယ်လို့ ပြောလို့ ရပါတယ်”ဟု ဒေါ်နော်သဇင်တုပ်က ပြောပါတယ်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အနေဖြင့် ယခုရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ မဲဆန္ဒနယ် ၂၉ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ထားပြီး ယင်းပါတီအနေဖြင့် လက်ရှိ မဲဆွယ်စည်းရုံးရေး ကာလတွင် ကရင်လူမျိုးများဆုံး ထောက်ခံမူရနေသည့် ပါတီတစ်ခုလည်း ဖြစ်သည်။
Photo – KNDP FB
#PeopleMedia


Share this post