• Follow Us on

Home သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဒလန်ဆိုသူများကို PDF အဖွဲ့ ခြိမ်းခြောက်

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဒလန်ဆိုသူများကို PDF အဖွဲ့ ခြိမ်းခြောက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့အတွင်းရှိ ဒလန်ဆိုသူတွေထံ သပိတ်ကျင်းမြို့နယ် PDF အဖွဲ့မှ ခြိမ်းခြောက်လိုက်ပါတယ်။

 

“သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဒလန်အကြီးစားတွေ ခင်ဗျားတို့ရဲ့ ရွံစရာကောင်းတဲ့လုပ်ရက်တွေကို ရပ်တန့်က ရပ်လိုက်ပါ။ မဟုတ်ရင် ခင်ဗျားတို့ အသက်နဲ့ ခင်ဗျားတို့ ဘဝတွေကို လုံးဝတာဝန်ယူမှာမဟုတ်ကြောင်း ဤစာနဲ့ သတိပေးလိုက်တယ်” လို့ သပိတ်ကျင်းမြို့နယ် PDF အဖွဲ့မှ ပြောဆိုထားပါတယ်။

 

သတိပေးထားစာထဲမှာ သပိတ်ကျင်းမြို့အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်နဲ့ နီးစပ်သူတို့ နာမည်တို့ ပါဝင်ပြီး၊ ရပ်တန့်က ရပ်ဖို့လည်း ခြိမ်းခြောက်ပြောဆိုထားပါတယ်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီးပြည်နယ်များ၌ ပြည်သူအချို့က ဒလန်ဟု စွပ်စွဲပြီ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိနေပါတယ်။

 

#PeopleMedia #သပိတ်ကျင်းမြို့

 

(unicode)


…………………………………………………………………..

 


 


 


 


 


 



Share this post