• Follow Us on

Home သပိတ်ကျင်းမြို့နယ်၌ မိုင်းထောင်နေသည့် PDF (၂) ဦးအား ပစ်ခတ်ဖမ်းဆီး

သပိတ်ကျင်းမြို့နယ်၌ မိုင်းထောင်နေသည့် PDF (၂) ဦးအား ပစ်ခတ်ဖမ်းဆီး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းထောင် နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦး သေဆုံးကာ လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအနီး ဝန်းကျင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ဗန်းမော်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၇ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား ရွှေစကားကျေးရွာနှင့် ဝါးရုံကုန်းကျေးရွာကြားရှိ အရှည်ပေ ၂၀ ခန့် ကွန်ကရစ်တံတားအနီးအရောက် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက လက်လုပ်မိုင်းထောင်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ အသက် (၃၉) နှစ်ခန့်ရှိ အမျိုးသား ၁ ဦးနှင့် အသက် (၄၁) နှစ်ခန့်ရှိ အမျိုးသား ၁ ဦးတို့အား သေနတ်ထိမှန်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

၎င်းတို့၏ လွယ်အိတ် ၂ လုံးအတွင်းမှ အချင်း ၄ လက်မ၊ အရှည် ၈ လက်မခန့်ရှိ ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထား သော လက်လုပ်မိုင်း ၃ လုံး၊ ဆိုင်ကယ်ဘတ္ထီရီအိုး ၁ လုံး၊ နီ/နက်ရောင် ဝါယာကြိုး ၂ဝ ပေခန့်၊ အရိုးအသွား ၁ ပေခန့်ရှိ ဓါးဦးချွန် ၁ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post