• Follow Us on

Home သဖန္းေတာင္ ႀကိဳးဝိုင္းအတြင္း သစ္ပင္ပိ၍ လူတစ္ဦးေသဆုံး

သဖန္းေတာင္ ႀကိဳးဝိုင္းအတြင္း သစ္ပင္ပိ၍ လူတစ္ဦးေသဆုံး

Share this post

ေကာလင္း၊ ဇြန္ ၁၆

ယမန္ေန႔၊ ဇြန္ လ ၁၅ ရက္ေန႔ ညေနပိုင္းက တိုက္ခတ္ခဲ့သည့္ မိုးသက္ျပင္းေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီး ပင္လယ္ဘူးၿမိဳ႕နယ္ ဝဲလာေက်းရြာႏွင့္ ကြၽန္းကလုံးေက်းရြာသြား လမ္းေဘး (ေကာလင္းၿမိဳ႕နယ္၊ သဖန္းေတာင္ ႀကိဳးဝိုင္း၊ အကြက္အမွတ္-၃၈) တြင္ တဲထိုးၿပီးေနထိုင္သူ သစ္ပင္ပိ၍ အဆိုပါေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ေသဆုံးသူမွာ စိုင္းသန္းေဇာ္မ်ိဳး၊ (၂၅)ႏွစ္၊ (ဘ) ဦးေက်ာ္ဇံ၊ အုံဒါန္ေက်းရြာ၊ (မိုးကုတ္ၿမိဳ႕နယ္ဇာတိ) ဆိုသူ ျဖစ္ေၾကာင္း သိရၿပီး ဇြန္လ ၁၅ ရက္၊ နံနက္ (၅)နာရီ အခ်ိန္ခန္႔က ၎သည္ အဆိုပါ တဲအတြင္းရွိေနစဉ္ မိုးသက္ေလျပင္းမ်ား တိုက္ခတ္မႈေၾကာင့္ လုံးပတ္(၇)ေပခန္႔၊ အရွည္(၂၈)ေပခန္႔ရွိ သစ္ေစးပင္ႀကီးၿပိဳလဲက်ကာ ၎အိပ္ေနသည့္ တဲေပၚပိက်ခဲ့သျဖင့္ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေသဆုံးသူ၏ ႐ုပ္အေလာင္းအား ေကာလင္းၿမိဳ႕ ျပည္သူ့ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾကၿပီး ပင္လယ္ဘူးၿမိဳ႕နယ္ သစ္ေစေတာင္ရဲကင္းစခန္းတြင္ ေသမႈေသခင္းဖြင့္လွစ္ထားေၾကာင္း သိရသည္။

ဗန္းေမာ္သုခမိန္

#PeopleMedia

[Unicode]
သဖန်းတောင် ကြိုးဝိုင်းအတွင်း သစ်ပင်ပိ၍ လူတစ်ဦးသေဆုံး
……………………………………………………..

ကောလင်း၊ ဇွန် ၁၆

ယမန်နေ့၊ ဇွန် လ ၁၅ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့် မိုးသက်ပြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ် ဝဲလာကျေးရွာနှင့် ကျွန်းကလုံးကျေးရွာသွား လမ်းဘေး (ကောလင်းမြို့နယ်၊ သဖန်းတောင် ကြိုးဝိုင်း၊ အကွက်အမှတ်-၃၈) တွင် တဲထိုးပြီးနေထိုင်သူ သစ်ပင်ပိ၍ အဆိုပါနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ စိုင်းသန်းဇော်မျိုး၊ (၂၅)နှစ်၊ (ဘ) ဦးကျော်ဇံ၊ အုံဒါန်ကျေးရွာ၊ (မိုးကုတ်မြို့နယ်ဇာတိ) ဆိုသူ ဖြစ်ကြောင်း သိရပြီး ဇွန်လ ၁၅ ရက်၊ နံနက် (၅)နာရီ အချိန်ခန့်က ၎င်းသည် အဆိုပါ တဲအတွင်းရှိနေစဉ် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လုံးပတ်(၇)ပေခန့်၊ အရှည်(၂၈)ပေခန့်ရှိ သစ်စေးပင်ကြီးပြိုလဲကျကာ ၎င်းအိပ်နေသည့် တဲပေါ်ပိကျခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပင်လယ်ဘူးမြို့နယ် သစ်စေတောင်ရဲကင်းစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်

#PeopleMedia


Share this post