• Follow Us on

Home သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယခုထက်ပိုမိုအလေးထားဆောင်ရွက်သွားရန် န-စ-ကဒုဥက္ကဋ္ဌ မှာကြား

သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယခုထက်ပိုမိုအလေးထားဆောင်ရွက်သွားရန် န-စ-ကဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ (People Media)

 

မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယခုထက် ပိုမိုအလေးထားဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၁) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အစည်းအဝေး၌ န-စ-ကဒု-ဥက္ကဌက ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှု များနှင့်အတူ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုများပြားလာခြင်း၊ ပိုမိုအင်အားပြင်းထန်လာခြင်းတို့သည် ထူးခြားဖြစ်စဉ်များ မဟုတ်တော့ဘဲ ကမ္ဘာပေါ်တွင် ပုံမှန်ဖြစ်ပေါ်ခံစားလာရသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်လာနေသည်ကို မြင်တွေ့သိရှိရကြောင်း၊ ထို့ကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ဘေး အန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘောသဘာဝများ၊ ပြင်းထန်အား၊ ဖျက်ဆီးအားများကို မျက်ခြေ မပြတ်လေ့လာပြီး သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေအသုံးပြု ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း ပြောသည်။

 

ထိုနောက် သဘာဝဘေးလျော့နည်းရေးလုပ်ငန်းများကို ပြည်သူလူထုမှအစ အားလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း နားလည်သဘောပေါက်ပြီး လူမှုရေးအဖွဲ့အစည်းများ၊ ပညာရပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအပါ အဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာစေရန်လည်း စည်းရုံးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တွင် ယခင်အတွေ့အကြုံများစွာရှိပြီးဖြစ်၍ အားနည်းချက်များ၊ လိုအပ် ချက်များကို ပြန်လည်သုံးသပ်ပြီး မိမိတို့ဆောင်ရွက်ချက်များသည် သဘာဝဘေးကြောင့် ထိခိုက်ဆုံး ရှုံးမှုများ အနည်းဆုံးဖြစ်စေရေး အလေးထားကာ အားလုံးပူးပေါင်းအကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ယခုထက် ပိုမိုအလေးထားဆောင်ရွက်သွားရန်လို အပ်ပြီး နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ရန်၊ မူဘောင်များ၊ သဘောတူညီချက်များ ကိုလည်း လိုက်နာဆောင်ရွက်ရန်၊ နည်းပညာများကိုလည်း မျက်ခြေမပြတ် လေ့လာအသုံးပြု ဆောင်ရွက်ကြ ရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #သဘာဝဘေး

 

(unicode)

သဘာဝဘေးအန်တရာယျမြားနှင့ျ ပတျသကျ၍ ယခုထကျပိုမိုအလေးထားဆောငျရှကျသှားရနျ န-စ-ကဒုဥက်ကဋ်ဌ မှာကွား

………………………………………………………………

 


 


 


 


 


 


 



Share this post