• Follow Us on

Home သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့် နိုင်ငံရေးအင်အားစုများသည် တပ်မ တော်ကိုဖြိုခွဲရန် အကြိမ်ကြိမ်ကြံစည်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံးညီညွတ်မှုသာ မှတ် ကျောက်တင်ခံနိုင်ခဲ့သည်ကိုတွေ့ရကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့် နိုင်ငံရေးအင်အားစုများသည် တပ်မ တော်ကိုဖြိုခွဲရန် အကြိမ်ကြိမ်ကြံစည်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံးညီညွတ်မှုသာ မှတ် ကျောက်တင်ခံနိုင်ခဲ့သည်ကိုတွေ့ရကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ (People Media)

 

တပ်မတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့် နိုင်ငံရေးအင်အားစု များသည် တပ်မတော်ကိုဖြိုခွဲရန် အကြိမ်ကြိမ် ကြံစည်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံး ညီညွတ်မှုသာ မှတ်ကျောက်တင်ခံနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောသည်။

 

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၉)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ် ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့်အခမ်းအနား၌ န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြား ခဲ့သည်။

 

တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး တပ်မတော်၏အားကို တပ်မတော်အတွင်း၌ပင် အခြေခံတည် ဆောက်သွားရမည်ဖြစ်ကြောင်း၊ တပ်မ‌တော်သားများနှင့် မိသားစုဝင် အားလုံးအကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များတူမည်ဆိုပါက စည်းလုံးညီညွတ်မှုသည် ထာဝရခိုင်မြဲနေမည်ဖြစ်ကြောင်း၊ စည်းလုံး ညီညွတ်မှုကို စိတ်ဓာတ်ဖြင့်သာ တည်ဆောက်နိုင်သည်ကို တွေ့ရှိရကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စိတ်ဓာတ်ကောင်းမွန်စေရေး တစ်ဦးချင်း စည်းကမ်းလိုက်နာ စောင့်ထိန်းမှု ကောင်းမွန်ရန်အရေးကြီးကြောင်း၊ လိုက်နာရန်လိုအပ်သည်များကို လိုက်နာပြီး စောင့်ထိန်း သင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပြီး မိမိ၏လက်အောက် ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့်အခွင့်အရေးများကို မှန်မှန်ကန်ကန် ဖြည့်ဆည်းပေးရ မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် အနောက်တိုင်းဆေးပညာရပ်များကို လေ့လာဆည်းပူးနေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာရပ်သည်လည်း အများပြည်သူ အားကိုးအားထားရသည့် ပညာရပ်တစ်ခုဖြစ်ခြင်း ကြောင့် ခေတ်မီနည်းပညာရပ်များနှင့် ပေါင်းစပ်ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆ လုပ်ဆောင်နေရမည်ဖြစ် ကြောင်း၊ တိုင်းရင်းဆေးဝါးဖော်စပ်မှု အပိုင်းတွင်လည်း စစ်မှန်ပြီးအရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေး ကုန်ကြမ်းပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါးအရည်အသွေးကို ထိန်းသိမ်းနိုင်စေရန်အတွက် ဖော်စပ်မှုအဆင့်တိုင်းတွင် အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နွယ်မြက် သစ်ပင်ဆေးဖက်ဝင်၏ ဟူသည့် ဆိုရိုးစကားအတိုင်း မိမိတို့နိုင်ငံတွင်လည်း ဆေးဝါးထုတ်လုပ်နိုင် သည့် ဆေးဖက်ဝင်သစ်ပင်မျိုးစုံနှင့် သစ်ဥသစ်ဖုများသည်နိုင်ငံအနှံ့အပြား ပေါက်ရောက်လျက်ရှိခြင်းကြောင့် တာဝန်ကျရာ ဒေသအသီးသီးတွင်ရှိသည့် ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့ တတ်ကျွမ်း နားလည်ထားသည့် ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနလုပ်ငန်း များကို ကြိုးစားဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #တပ်ဆေး

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



Share this post