• Follow Us on

Home သမိုင္းတစ္ေလွ်ာက္ အေမရိကန္အစိုးရအဖြဲ႔၀င္တစ္ဦး ထိုင္၀မ္သို႔ပထမ ဆံုးေရာက္႐ွိ

သမိုင္းတစ္ေလွ်ာက္ အေမရိကန္အစိုးရအဖြဲ႔၀င္တစ္ဦး ထိုင္၀မ္သို႔ပထမ ဆံုးေရာက္႐ွိ

Share this post

တိုင္ေပ၊ ၾသဂုတ္ ၁၀

ထိုင္၀မ္ေခါင္းေဆာင္ႏွင့္အေမရိကန္အစိုးရအဖြဲ႔၀င္၀န္ႀကီးတစ္ေယာက္တို႔ ယေန႔တြင္ ထိုင္၀မ္၌ေတြ႕ဆံုခဲ့ၿပီး ထိုခရီးစဥ္သည္ ၁၉၇၉ ခုႏွစ္တြင္ သံတမန္အားျဖင့္ ကၽြန္းမွတ႐ုတ္သို႔အသိအမွတ္ျပဳသည့္ေနာက္ပိုင္း အေမရိကန္မွအဆင့္အျမင့္ဆံုးပုဂၢိဳလ္တစ္ေယာက္၏ခရီးစဥ္ျဖစ္ၿပီး တ႐ုတ္ျပည္မႀကီးဘက္က ယခုခရီးစဥ္ကို ႐ွဳတ္ခ်ထားသည္။

တိုင္ေပသို႔ တနဂၤေႏြေန႔တြင္ က်န္းမာေရး၀န္ႀကီးအဲလက္က္စ္ အဇား ေရာက္႐ွိခဲ့ၿပီး ဒီမိုကရတ္တစ္စံႏႈန္းမ်ား ေ၀မွ်မႈသာမက ကို႐ိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ရာတြင္ ေအာင္ျမင္မႈမ်ား ျမင့္တင္ရန္ ၃ ရက္ၾကာခရီးစဥ္စတင္ခဲ့သည္။

တနလၤာေန႔မနက္ပိုင္းတြင္ အဇားက ထိုင္၀မ္ကို အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏို င္ငံအေနႏွင့္ရပ္တည္လို ေၾကာင္းေျပာဆိုၿပီး တ႐ုတ္ျပည္မႀကီးေခါင္းေဆာင္မ်ားက မုန္းတီးေသာ ထိုင္၀မ္သမၼတဆိုင္အင္း၀မ္ႏွ င့္ေတြ႕ဆံုခဲ့သည္။

အေမရိကန္ႏွင့္တ႐ုတ္ျပည္မႀကီးတို႔ၾကားဆက္ဆံေရးဆိုး႐ြားေနၿပီး ကုန္သြယ္ေရး၊ စစ္ေရး၊ လံုျခံဳေရးႏွင့္ ကမာၻ႔ကပ္ေရာဂါအေရးတို႔တြင္ ထိပ္တိုက္ေတြ႕ေနၾကခ်ိန္ ယခုခရီးစဥ္ေပၚလာခဲ့ျခင္းျဖစ္သည္။

ထိုင္၀မ္သည္ ကိုယ္ပိုင္ေျမျဖစ္ၿပီး တစ္ေန႔တြင္ျပန္လည္ရယူမည္ဟုႀကိမ္းဝါးထားသည့္တ႐ုတ္ႏိုင္ငံက အဇား၏ခရီးစဥ္သည္ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္မႈအေပၚၿခိမ္းေျခာက္မႈတစ္ရပ္ဟု ေဖာ္ျပထားသည္။

Ref : US Cabinet member lauds Taiwan’s democracy during historic visit

#PeopleMedia

(unicode)
သမိုင်းတစ်လျှောက် အမေရိကန်အစိုးရအဖွဲ့ဝင်တစ်ဦး ထိုင်ဝမ်သို့ပထမ ဆုံးရောက်ရှိ
…………………………………………………

တိုင်ပေ၊ ဩဂုတ် ၁၀

ထိုင်ဝမ်ခေါင်းဆောင်နှင့်အမေရိကန်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ယောက်တို့ ယနေ့တွင် ထိုင်ဝမ်၌တွေ့ဆုံခဲ့ပြီး ထိုခရီးစဉ်သည် ၁၉၇၉ ခုနှစ်တွင် သံတမန်အားဖြင့် ကျွန်းမှတရုတ်သို့အသိအမှတ်ပြုသည့်နောက်ပိုင်း အမေရိကန်မှအဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တစ်ယောက်၏ခရီးစဉ်ဖြစ်ပြီး တရုတ်ပြည်မကြီးဘက်က ယခုခရီးစဉ်ကို ရှုတ်ချထားသည်။

တိုင်ပေသို့ တနင်္ဂနွေနေ့တွင် ကျန်းမာရေးဝန်ကြီးအဲလက်က်စ် အဇား ရောက်ရှိခဲ့ပြီး ဒီမိုကရတ်တစ်စံနှုန်းများ ဝေမျှမှုသာမက ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရာတွင် အောင်မြင်မှုများ မြင့်တင်ရန် ၃ ရက်ကြာခရီးစဉ်စတင်ခဲ့သည်။

တနင်္လာနေ့မနက်ပိုင်းတွင် အဇားက ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နို င်ငံအနေနှင့်ရပ်တည်လို ကြောင်းပြောဆိုပြီး တရုတ်ပြည်မကြီးခေါင်းဆောင်များက မုန်းတီးသော ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်နှ င့်တွေ့ဆုံခဲ့သည်။

အမေရိကန်နှင့်တရုတ်ပြည်မကြီးတို့ကြားဆက်ဆံရေးဆိုးရွားနေပြီး ကုန်သွယ်ရေး၊ စစ်ရေး၊ လုံခြုံရေးနှင့် ကမ္ဘာ့ကပ်ရောဂါအရေးတို့တွင် ထိပ်တိုက်တွေ့နေကြချိန် ယခုခရီးစဉ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်သည် ကိုယ်ပိုင်မြေဖြစ်ပြီး တစ်နေ့တွင်ပြန်လည်ရယူမည်ဟုကြိမ်းဝါးထားသည့်တရုတ်နိုင်ငံက အဇား၏ခရီးစဉ်သည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုအပေါ်ခြိမ်းခြောက်မှုတစ်ရပ်ဟု ဖော်ပြထားသည်။

Ref : US Cabinet member lauds Taiwan’s democracy during historic visit

#PeopleMedia


Share this post