• Follow Us on

Home သမီးရည်းစားချင်းစကားများရာမှ ဓါးဖြင့်ထိုးသတ်

သမီးရည်းစားချင်းစကားများရာမှ ဓါးဖြင့်ထိုးသတ်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၂
 
သမီးရည်းစားချင်း စကားများရာမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။
 
နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ နန်းကွေ့ချောင်းဘေးတွင် အမျိုးသမီး တစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် နေထိုင်သူ မ…… (၂၆)နှစ် ဖြစ်ကြောင်းသိရှိရသဖြင့် ရာဇသတ်ကြီးပုဒ် မ ၃၀၂ အရ အမှုဖွင့်ခဲ့သည်။
 
အမှုနှင့်ပတ်သက်ပြီး စုံစမ်းခဲ့ရာ မသင်္ကာသူမှာ သေဆုံးသူ၏ရည်းစားဖြစ်သူ အောင်နော် ဖြစ်ကြောင်းသိရ၍ အောင်နော်အား စစ် ဆေးမေးမြန်းခဲ့ရာ ၎င်းမှာ ရည်းစားဖြစ်သူနှင့် နိုဝင်ဘာ ၇ ရက် နေ့လည် ၁ နာရီခွဲ အချိန်ခန့် နန်းကွေ့ချောင်းဘေးတွင် ချိန်း တွေ့စကားပြောရာမှ စကားများရန်ဖြစ်ပြီး ခြေထောက်ဖြင့်ကန်လိုက်ရာ ပက်လက်လန်လဲကျသွားစဉ် ပါလာသော ဓါးမြှောင်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။
 
ထိုကြောင့် တရားခံ ဆွတ်အောင်နော် (ခ) အောင်နော်၊ (၂၆)နှစ်အား တရားစွဲဆိုပြီး ထိရောက်ပြစ်ဒဏ်ဖြင့် အရေးယူနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ခဲ့သည်။
 
#PeopleMedia #ကချင်ပြည်နယ်ရဲတပ်ဖွဲ့
 
(unicode)
သမီးရည်းစားချင်းစကားများရာမှ ဓါးဖြင့်ထိုးသတ်
……………………………