• Follow Us on

Home သမ္မတကို စွပ်စွဲပြစ်တင်မှုတရားခွင်မှာ ဆန့်ကျင်သက်သေထွက်ဆိုခဲ့တဲ့သက်သေ ၂ ယောက်ကို ထရမ့် အလုပ် ဖြုတ်


Share this post





Source – BBC



(Unicode)
သမ္မတကို စွပ်စွဲပြစ်တင်မှုတရားခွင်မှာ ဆန့်ကျင်သက်သေထွက်ဆိုခဲ့တဲ့သက်သေ ၂ ယောက်ကို ထရမ့် အလုပ် ဖြုတ်
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၈

သမ္မတကို စွပ်စွဲပြစ်တင်မှုတရားခွင်မှာ သူ့ကိုဆန့်ကျင်ထွက်ဆိုခဲ့တဲ့သက်သေအရာရှိကြီးနှစ်ယောက်ကို အမေရိ ကန် သမ္မတဒေါ်နယ်ထရမ့်က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဥရောပသမဂ္ဂ(အီးယူ)ဆိုင်ရာအမေရိကန်ကိုယ်စားလှယ် ဂေါ်ဒွင်ဆွန်းလန့်နဲ့ ယူကရိန်းနိုင်ငံဆိုင်ရာကျွမ်းကျင်သူ ဒုတိယဗိုလ်မှူးကြီးအလက်ဇန်းဒါး ဗင်မန်းတို့ကို ထုတ်ပယ်လိုက်တာပါ။ ဗုဒ္ဓဟူးနေ့မှာ ဆီးနိတ်လွှတ်တော်က စွပ်စွဲပြစ်တင်မှုဆိုင်ရာတရားခွင်မှာ အမတ်တွေက သူ့ကိုတရားသေလွှတ်ဖို့ မဲပေးခဲ့ပြီးနောက် ဝန်ထမ်းနေရာတွေ အပြောင်းအလဲလုပ်ဖို့ ထရမ့်က ဆန္ဒရှိနေတယ်လို့ပြောနေတနာတွေရှိနေပါတယ်။

ရှေ့နေ ဗင်မန်းရဲ့အမြွှာညီအစ်ကို အမျိုးသားလုံခြုံရေးကောင်စီအကြီးတန်း ယက်ဂျီနီဗင်မန်းကိုလည်း သောကြာ နေ့မှာ တပ်မတော်ဝန်ကြီးဌာနဆီပြန်ပို့လိုက်ပါတယ်။

Source – BBC

Photo – Sarah Silbiger/Getty Images

#PeopleMedia #Trump #USA #ImpeachmentTrial


Share this post