• Follow Us on

Home သမၼတတစ္ေယာက္အေနျဖင့္ က်ဆံုးစစ္သည္မ်ားကို ျမင္ေတြ႕ရျခင္းမွာ အခက္အခဲဆံုးအလုပ္ဟု ထရမ့္ေျပာၾကား

သမၼတတစ္ေယာက္အေနျဖင့္ က်ဆံုးစစ္သည္မ်ားကို ျမင္ေတြ႕ရျခင္းမွာ အခက္အခဲဆံုးအလုပ္ဟု ထရမ့္ေျပာၾကား

Share this post

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ ဇနီးျဖစ္သူ မယ္လန္နီရာ ထရမ့္တို႔ဟာ ဒဲလာ၀ဲလ္ျပည္နယ္က ဒိုဗာ ေလတပ္အေျခစိုက္စခန္းတစ္ခုကို သြားေရာက္ၿပီး အာဖဂန္မွာ က်ဆံုးခဲ့တဲ့ စစ္သည္ႏွစ္ဦးကို သြားေရာက္ အေလးျပဳခဲ့ပါတယ္။

အဆိုပါစစ္သည္ႏွစ္စီးဟာ အာဖဂန္မွာ အခုသီတင္းပတ္အတြင္း ရဟတ္ယာဥ္ပ်က္က်မႈမွာ ပါ၀င္ေသဆံုးခဲ့တာ ျဖစ္ပါတယ္။ စစ္သည္ႏွစ္ဦးရဲ႕ အေလာင္းေတြ ဒိုဗာေလတပ္စခန္းကို ဆုိက္ေရာက္လာခ်ိန္မွာ ထရမ့္က ၿငိမ္ သက္စြာ ရပ္တန္႔အေလးျပဳခဲ့ၿပီး သမၼတကေတာ္ကလည္း ရင္ဘက္ေပၚ လက္တင္ၿပီး ၿငိမ္သက္စြာ ဆုေတာင္း ေပးခဲ့ပါတယ္။

က်ဆံုးစစ္သည္အေလာင္းမ်ား လႊဲေျပာင္းတာကို ျမင္ေတြ႕ရတာက သမၼတတစ္ေယာက္အေနနဲ႔ အခက္အခဲဆံုး အလုပ္ျဖစ္တယ္လို႔ ထရမ့္က ေျပာၾကားခဲ့ပါတယ္။

Ref; Foxnews

#PeopleMedia #International

(Unicode)
သမ္မတတစ်ယောက်အနေဖြင့် ကျဆုံးစစ်သည်များကို မြင်တွေ့ရခြင်းမှာ အခက်အခဲဆုံးအလုပ်ဟု ထရမ့်ပြောကြား
………………………………………………………………

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လန်နီရာ ထရမ့်တို့ဟာ ဒဲလာဝဲလ်ပြည်နယ်က ဒိုဗာ လေတပ်အခြေစိုက်စခန်းတစ်ခုကို သွားရောက်ပြီး အာဖဂန်မှာ ကျဆုံးခဲ့တဲ့ စစ်သည်နှစ်ဦးကို သွားရောက် အလေးပြုခဲ့ပါတယ်။

အဆိုပါစစ်သည်နှစ်စီးဟာ အာဖဂန်မှာ အခုသီတင်းပတ်အတွင်း ရဟတ်ယာဉ်ပျက်ကျမှုမှာ ပါဝင်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ စစ်သည်နှစ်ဦးရဲ့ အလောင်းတွေ ဒိုဗာလေတပ်စခန်းကို ဆိုက်ရောက်လာချိန်မှာ ထရမ့်က ငြိမ် သက်စွာ ရပ်တန့်အလေးပြုခဲ့ပြီး သမ္မတကတော်ကလည်း ရင်ဘက်ပေါ် လက်တင်ပြီး ငြိမ်သက်စွာ ဆုတောင်း ပေးခဲ့ပါတယ်။

ကျဆုံးစစ်သည်အလောင်းများ လွှဲပြောင်းတာကို မြင်တွေ့ရတာက သမ္မတတစ်ယောက်အနေနဲ့ အခက်အခဲဆုံး အလုပ်ဖြစ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

Ref; Foxnews

#PeopleMedia #International


Share this post