• Follow Us on

Home သမ္မတထရမ့်ကို အမေရိကန်အောက်လွှတ်တော်က ဒုတိယအကြိမ်စွပ်စွဲပြစ်တင်

သမ္မတထရမ့်ကို အမေရိကန်အောက်လွှတ်တော်က ဒုတိယအကြိမ်စွပ်စွဲပြစ်တင်

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ၂ ကြိမ်တိုင်တိုင်စွပ်စွဲပြစ်တင်ခံရသည့်ပထမဆုံးသမ္မတဖြစ်လာသည်။

ပြီးခဲ့သည့်တပတ်က လွှတ်တော်အဆောက်အအုံကို ဒေါသထွက်နေသည့်လူအုပ်ကြီးက ဝင်စီးနင်းစေ ရန်လှုံ့ဆော်ခဲ့မှုသည်ဟုဆိုကာ သူ၏ရီပတ်ဘလစ်ကန်ပါတီမှအမတ် ၁၀ ယောက်က ဒီမိုကရတ်အများစုရှိသည့် အောက်လွှတ်တော်အမတ်များနှင့် ပူးပေါင်းခဲ့ပြီးနောက် ထိုရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်။

အောက်လွှတ်တော်က ထရမ့်ကို စွပ်စွဲပြစ်တင်ရန်အဆိုကို ၂၃၂ မဲ၊ ၁၉၇ မဲဖြင့်အတည်ပြုခဲ့သည်။

မြန်ဆန်သောစွပ်စွဲပြစ်တင်ရေးတရားခွင်ခေါ်ရန် ဒီမိုကရတ်များ၏တောင်းဆိုမှုကို အထက်လွှတ်တော်ရီပတ်ဘ လစ်ကန်လူများစုခေါင်းဆောင် မစ် မက်ကော်နယ်က ပယ်ချခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်တွင် ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန် ကျမ်းကျိန်သစ္စာပြုမည်ဖြစ်ပြီး ထိုနေ့မတိုင်မီ တရား ခွင်နိဂုံးချုပ်ရန်မရှိဟုလည်း မစ္စတာ မက်ကော်နယ်ကပြောသည်။

သို့သော် မစ္စတာ ထရမ့် အိမ်ဖြူတော်မှထွက်ခွာသည့်အချိန်တိုင်အောင် အထက်လွှတ်တော်က အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက နောက်တကြိမ်သမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း မစ္စတာ ထရမ့်ကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခဲ့ပြီး ထိုအချိန်တွင် ဒီမိုကရတ်များ ကြီးစိုးသည့်အောက်လွှတ်တော်က အတည်ပြုခဲ့သော်လည်း ရီပတ်ဘလစ်ကန်ပိုများသည့် အထက်လွှတ် တော်တွင် ပယ်ချခဲ့သည်။

Ref : U.S. House impeaches Trump for a second time; 10 Republicans vote yes

#PeopleMedia

(unicode)
………………………………………….









Ref : U.S. House impeaches Trump for a second time; 10 Republicans vote yes

#PeopleMedia


Share this post