• Follow Us on

Home သမ္မတပူတင်နဲ့ သမ္မတဇီလန်စကီးကြား တိုက်ရိုက်ဆွေးနွေးလိုကြောင်း ယူကရိန်းတောင်းဆို

သမ္မတပူတင်နဲ့ သမ္မတဇီလန်စကီးကြား တိုက်ရိုက်ဆွေးနွေးလိုကြောင်း ယူကရိန်းတောင်းဆို

Share this post

နိုင်ငံတကာ၊ မတ် ၈

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ချနိ်ုင်တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်လို့ ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ကြား တိုက်ရိုက်ဆွေးနွေးညှိနှိုင်းဖို့ ယူကရိန်း နိုင် ငံဘက်က လိုလားလျက်ရှိကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက မတ်လ ၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်တို့နှစ်နိုင်ငံခေါင်းဆောင်တွေကြား တိုက်ရိုက်ဆွေးနွေးလိုတာ ကြာပါပြီ။” လို့ ဒီမီထရိုကူလီဘာက ရုပ်သံအစီအစဉ်တစ်ခုကနေ ပြောပါတယ်။

 

ဇီလန်စကီးအနေနဲ့ သမ္မတပူတင်နဲ့ တိုက်ရိုက်စကားပြောတာအပါအဝင် ဘာကိုမှ စိုးရိမ်ပူပန်ကြောက်ရွံ့နေတာ မျိုးမရှိကြောင်း ကူလီဘာက ပြောပါတယ်။

 

“ပူတင်က ဘာကိုမှမကြောက်ဘူးဆိုရင် သမ္မတဇီလန်စကီးကို တွေ့ ဆုံခွင့်ပေးပြီး နှစ်ဦးသား စားပွဲဝိုင်းထိုင် ဆွေးနွေးလိုက်ပါ။” လို့ ၎င်းက ပြောပါတယ်။

 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရုရှားနိုင်ငံက ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံတကာ အသိုင်းအ ဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှားအစိုးရကို စီးပွားရေးအရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့တဲ့အပြင် ရုရှားနိုင်ငံကနေ နိုင်ငံ တကာကုမ္ပဏီတွေ ထွက်ခွာခဲ့ကြပါတယ်။

 

စစ်ပွဲစတင်ကတည်းက ဒီကနေ့အချိန်အထိ အရပ်သား ၄၀၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၈၀၁ ဦးခန့် ဒဏ်ရာရရှိ ခဲ့ကြောင်း ကုသမဂ္ဂစာရင်းများအရ သိရပါတယ်။

 

ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးက မြေပြင်အခြေအနေကို ထိန်းသိမ်းထားပြီး အရပ်သားအသေအပျောက်စာ ရင်းအမှန်ကို အတည်ပြုဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံက လူဦးရေ ၁.၇ သန်းဟာ ဘေးလွတ်ရာ အိမ်နီးချင်းနိုင်ငံတွေဆီကို အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအဖွဲ့အစည်း က ပြောပါတယ်။

 

Ref: Ukraine calls for direct talks between Putin, Zelenskyy

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 

Ref: Ukraine calls for direct talks between Putin, Zelenskyy

 

#PeopleMedia


Share this post