• Follow Us on

Home သမ္မတရာထူးက အမျိုးသမီးတစ်ဦးအတွက်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော

သမ္မတရာထူးက အမျိုးသမီးတစ်ဦးအတွက်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅ (People Media)

အမျိုးသားများနှင့် စိတ်ခံစားမှုကွဲပြားမှုများကြောင့် သမ္မတရာထူးက အမျိုးသမီးတစ်ဦး၏ အလုပ်အကိုင် မဟုတ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက ပြောကြားလိုက်ပြီး သမီးဖြစ်သူက သူ့နေရာဆက်ခံရန် သမ္မတရာထူး ယှဉ်ပြိုင်မည်ဆိုသော ထင်မြင်ယူဆချက်ကို ပယ်ချလိုက်သည်။

“ကျွန်တော့်သမီးက သမ္မတရာထူးနေရာ မယှဉ်ပြိုင်ပါဘူး” ဟု အဝေးပြေးလမ်းမကြီးစီမံကိန်းတစ်ခု ဖွင့် လှစ်ပွဲအခမ်းအနား၌ ဒူတာတေးက ပြောသည်။

“သမ္မတရာထူးမှာ အမျိုးသမီးတွေအတွက် မဟုတ်ပါဘူး။ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်က အတော်လေး ကွဲပြားပါတယ်” ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၌ အမျိုးသမီးသမ္မတနှစ်ဦး ရှိခဲ့ဖူးပြီး ဂလိုရီယာအာယိုရိုနှင့် ကိုရာဇွန်အကွီနိုတို့ဖြစ်သည်။ အ သက် ၇၅ နှစ်အရွယ် ဒူတာတေးက ခပ်လွယ်လွယ် မှတ်ချက်စကားများ ပြောကြားမှုကြောင့် မကြာခဏဆိုသလို ဝေဖန်ခံခဲ့ရသည်။

သို့သော်လည်း သမ္မတ ရော့ဒရီဂိုဒူတာတေးက ဖိလစ်ပိုင်နိုင်ငံရှိ အမျိုးသမီးမဲဆန္ဒရှင်များကြား လူကြိုက် များနေဆဲဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် အလားအလာအကောင်းဆုံး သမ္မတလောင်းစာရင်း စစ်တမ်းတစ်ရပ် ကောက်ခံရာတွင် သမ္မတ ဒူတာတေး၏သမီး အသက် ၄၂ နှစ်အရွယ် ဆာရာဒူတာတေးကာပီယိုက ထိပ်ဆုံးမှ ရေ ပန်းစားနေကြောင်း သိရသည်။

Ref; Philippines’ Duterte says presidency no job for a woman

(unicode)
သမ်မတရာထူးက အမြိုးသမီးတဈဦးအတှကျမဟုတျဟု ဖိလဈပိုငျသမ်မတ ဒူတာတေး ပွော
………………………………………………….








Ref; Philippines’ Duterte says presidency no job for a woman


Share this post