• Follow Us on
Latest News

Home သမ္မတအိမ်တော်ရှိ အစိုးရအရာရှိ၌ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ်ပယ်ဖျက်


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၉





#PeopleMedia #UEC

(unicode)
သမ္မတအိမ်တော်ရှိ အစိုးရအရာရှိ၌ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ်ပယ်ဖျက်
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၉

သမ္မတအိမ်တော်ရှိ အစိုးအရာရှိ၌ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်း ထုတ်ပြန်ရေးအစီအစဉ်ကို ပယ်ဖျက်လိုက်သည်။

အဆိုပါ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးမှ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ယနေ့ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် သတင်းထုတ်ပြန်ရေးအစီအစဉ်ကို ပယ်ဖျက်ကြောင်းနှင့် ကျင်းပပြုလုပ်မည့် နေ့ရက်ကို ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းကထုတ် ပြန်ချက်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း နေထိုင်သူတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိ ကြောင်း ဖော်ပြထားသည်။

#PeopleMedia #UEC


Share this post