• Follow Us on

Home သမၼတအျဖစ္ေ႐ြးေကာက္ခံရမည္ဟုေမွ်ာ္လင့္ေၾကာင္း ဘိုင္ဒန္ေျပာ

သမၼတအျဖစ္ေ႐ြးေကာက္ခံရမည္ဟုေမွ်ာ္လင့္ေၾကာင္း ဘိုင္ဒန္ေျပာ

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၆
အေမရိကန္ေျမာက္ပိုင္းျပည္နယ္မ်ားထဲမွ ၀စ္ကိုဆင္ႏွင့္ မစ္ခ်ီဂန္ျပည္နယ္တို႔တြင္အႏိုင္ရၿပီးေနာက္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္အႏိုင္ရမည္ဟုေမွ်ာ္လင့္ေၾကာင္း ဒီမိုကရတ္သမၼတေလာင္း ဂ်ိဳး ဘိုင္ဒန္က ဗုဒၶဟူးေန႔တြင္ေျပာသည္။
၂၀၁၆ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကာလက လက္႐ွိသမၼတ ေဒၚနယ္ ထရမ့္ အႏိုင္ရခဲ့သည့္၀စ္ကိုဆင္ႏွင့္မစ္ခ်ီဂန္ျပည္နယ္တို႔တြင္ ဘိုင္ဒန္ႏိုင္ခဲ့ၿပီးေနာက္ သမၼတျဖစ္ရန္အနည္းဆံုးလိုအပ္သည့္မဲ ၂၇၀ ရရန္နီးကပ္လာသည္။
ထရမ့္ကိုမဲေပးသည့္ျပည္နယ္၊ သူ႔ကိုမဲေပးသည့္ျပည္နယ္ဟူ၍ခြဲျခားသြားမည္မဟုတ္ဘဲ အေမရိကန္ျပည္ေထာင္စုအေနႏွင့္သာ ႏိုင္ငံကိုအုပ္ခ်ဳပ္သြားမည္ဟုလည္း ဘိုင္ဒန္ကကတိျပဳၿပီး မဲအားလံုးေရတြက္ရမည္ဟုလည္း တိုက္တြန္းသည္။
ျပည္သူလူထုအသံကို ေဖ်ာက္ထားရမည္မဟုတ္ေၾကာင္းလည္း ဘိုင္ဒန္ကေျပာသည္။
ေနာက္ထပ္အေရးႀကီးေသာျပည္နယ္တခုျဖစ္သည့္ ပန္ဆယ္ေဗးနီးယားျပည္နယ္တြင္ ေ႐ြးေကာက္ပြဲေန႔ၿပီးမွေရာက္လာသည့္စာတိုက္မွမဲေပးေသာႀကိဳတင္မဲမ်ားကိုဆက္လက္ေရတြက္ျခင္းခြင့္ျပဳ၊ မျပဳ အေမရိကန္တရား႐ံုးခ်ဳပ္၏ဆိုင္းငံထားသည့္အမႈကို ထရမ့္၏စည္းရံုးေရးအဖြဲ႔ကၾကား၀င္ရန္ ေတာင္းဆိုေနသည္။
၀စ္ကိုဆင္ျပည္နယ္တြင္လည္း မဲမ်ားျပန္လည္ေရတြက္ရန္ ေတာင္းဆိုသြားမည္ဟုလည္းေျပာၿပီး မစ္ခ်ီဂန္ႏွင့္ပန္ဆယ္ေဗးနီးယားျပည္နယ္တို႔တြင္ မဲေရတြက္မႈရပ္ဆိုင္းရန္ ဥပေဒေဘာင္အတြင္းမွလုပ္သြားမည္ဟုလည္းေျပာထားသည္။
ယေန႔ေန႔လည္အထိစာရင္းမ်ားအရ ဘိုင္ဒန္က ၂၅၃ မဲရထားၿပီး ထရမ့္က ၂၁၃ မဲရထားသည္။
Ref : Biden says he expects to win the US presidency
#PeopleMedia
(unicode)
သမ္မတအဖြစ်ရွေးကောက်ခံရမည်ဟုမျှော်လင့်ကြောင်း ဘိုင်ဒန်ပြော
……………………………………..
ဝါရှင်တန်၊ နိုဝင်ဘာ ၆
အမေရိကန်မြောက်ပိုင်းပြည်နယ်များထဲမှ ဝစ်ကိုဆင်နှင့် မစ်ချီဂန်ပြည်နယ်တို့တွင်အနိုင်ရပြီးနောက် အမေရိကန်သမ္မတရွေးကောက်ပွဲတွင်အနိုင်ရမည်ဟုမျှော်လင့်ကြောင်း ဒီမိုကရတ်သမ္မတလောင်း ဂျိုး ဘိုင်ဒန်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကာလက လက်ရှိသမ္မတ ဒေါ်နယ် ထရမ့် အနိုင်ရခဲ့သည့်ဝစ်ကိုဆင်နှင့်မစ်ချီဂန်ပြည်နယ်တို့တွင် ဘိုင်ဒန်နိုင်ခဲ့ပြီးနောက် သမ္မတဖြစ်ရန်အနည်းဆုံးလိုအပ်သည့်မဲ ၂၇၀ ရရန်နီးကပ်လာသည်။
ထရမ့်ကိုမဲပေးသည့်ပြည်နယ်၊ သူ့ကိုမဲပေးသည့်ပြည်နယ်ဟူ၍ခွဲခြားသွားမည်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုအနေနှင့်သာ နိုင်ငံကိုအုပ်ချုပ်သွားမည်ဟုလည်း ဘိုင်ဒန်ကကတိပြုပြီး မဲအားလုံးရေတွက်ရမည်ဟုလည်း တိုက်တွန်းသည်။
ပြည်သူလူထုအသံကို ဖျောက်ထားရမည်မဟုတ်ကြောင်းလည်း ဘိုင်ဒန်ကပြောသည်။
နောက်ထပ်အရေးကြီးသောပြည်နယ်တခုဖြစ်သည့် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် ရွေးကောက်ပွဲနေ့ပြီးမှရောက်လာသည့်စာတိုက်မှမဲပေးသောကြိုတင်မဲများကိုဆက်လက်ရေတွက်ခြင်းခွင့်ပြု၊ မပြု အမေရိကန်တရားရုံးချုပ်၏ဆိုင်းငံထားသည့်အမှုကို ထရမ့်၏စည်းရုံးရေးအဖွဲ့ကကြားဝင်ရန် တောင်းဆိုနေသည်။
ဝစ်ကိုဆင်ပြည်နယ်တွင်လည်း မဲများပြန်လည်ရေတွက်ရန် တောင်းဆိုသွားမည်ဟုလည်းပြောပြီး မစ်ချီဂန်နှင့်ပန်ဆယ်ဗေးနီးယားပြည်နယ်တို့တွင် မဲရေတွက်မှုရပ်ဆိုင်းရန် ဥပဒေဘောင်အတွင်းမှလုပ်သွားမည်ဟုလည်းပြောထားသည်။
ယနေ့နေ့လည်အထိစာရင်းများအရ ဘိုင်ဒန်က ၂၅၃ မဲရထားပြီး ထရမ့်က ၂၁၃ မဲရထားသည်။
Ref : Biden says he expects to win the US presidency
#PeopleMedia


Share this post