• Follow Us on

Home သမၼတျဖစ္သည့္ႏွစ္ႏွင့္ ေနာက္တစ္ႏွစ္တြင္ ထရမ့္ ၀င္ေငြခြန္ေဒၚလာ ၇၅၀ သာေပးေဆာင္ထားဟုဆုိ

သမၼတျဖစ္သည့္ႏွစ္ႏွင့္ ေနာက္တစ္ႏွစ္တြင္ ထရမ့္ ၀င္ေငြခြန္ေဒၚလာ ၇၅၀ သာေပးေဆာင္ထားဟုဆုိ

Share this post

 
၀ါ႐ွင္တန္၊ စက္တင္ဘာ ၂၈
 
ေ႐ြးေကာက္ပြဲအႏိုင္ရၿပီးသမၼတျဖစ္ခဲ့သည့္ ၂၀၁၆ ခုႏွစ္တြင္ ၀င္ေငြခြန္ ေဒၚလာ ၇၅၀ သာ ေဒၚနယ္ ထရမ့္ေပးေဆာင္ခဲ့သည္ဟု ၿပီးခဲ့သည့္ ႏွစ္ ၂၀ အတြင္း အခြန္ျပန္ေဆာင္သည့္အခ်က္အလက္မ်ားကိုကိုးကားၿပီး နယူးေယာက္တိုင္းသတင္းစာက ေဖာ္ျပသည္။
 
ထို႔အျပင္ ၂၀၁၇ ခုႏွစ္တြင္လည္း ေဒၚလာ ၇၅၀ သာေပးေဆာင္ခဲ့ေၾကာင္းေဖာ္ျပသည္။
 
ရေငြထက္ ဆံုး႐ွံဳးသည့္ေငြပိုမ်ားသျဖင့္ ၿပီးခဲ့သည့္ ၁၅ ႏွစ္အတြင္း ၁၀ ႏွစ္စာ၀င္ေငြခြန္မေဆာင္ထားေၾကာင္းလည္း ေဖာ္ျပသည္။
 
အဆိုပါသတင္းမ်ားသည္ လံုး၀သတင္းမွားမ်ားသာျဖစ္ေၾကာင္း ထရမ့္က ခ်က္ခ်င္းျငင္းဆိုသည္။
 
အေမရိကန္သမၼတမ်ား၏ပုဂၢလိကေငြေၾကးကိစၥမ်ားႏွင့္ပတ္သက္၍ ထုတ္ျပရန္ဥပေဒအရမလိုေသာ္လည္း သမၼတေဟာင္း ရစ္ခ်တ္ နစ္ဆင္ကေဖာ္ျပၿပီးေနာက္ သမၼတတိုင္းကေဖာ္ျပခဲ့ၾကသည္။
 
ထရမ့္က အစဥ္အလာကိုခ်ိဳးေဖာက္ၿပီး အခြန္ေဆာင္မႈမ်ားထုတ္ျပရန္ျငင္းဆိုထားသည္။
 
Ref : Trump paid no income taxes in 10 of last 15 years: Report
 
#PeopleMedia
 
(Unicode)
သမ္မတဖြစ်သည့်နှစ်နှင့် နောက်တစ်နှစ်တွင် ထရမ့် ဝင်ငွေခွန်ဒေါ်လာ ၇၅၀ သာပေးဆောင်ထားဟုဆို
…………………………………………
 
၀ါရှင်တန်၊ စက်တင်ဘာ ၂၈
 
ရွေးကောက်ပွဲအနိုင်ရပြီးသမ္မတဖြစ်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဝင်ငွေခွန် ဒေါ်လာ ၇၅၀ သာ ဒေါ်နယ် ထရမ့်ပေးဆောင်ခဲ့သည်ဟု ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အခွန်ပြန်ဆောင်သည့်အချက်အလက်များကိုကိုးကားပြီး နယူးယောက်တိုင်းသတင်းစာက ဖော်ပြသည်။
 
ထို့အပြင် ၂၀၁၇ ခုနှစ်တွင်လည်း ဒေါ်လာ ၇၅၀ သာပေးဆောင်ခဲ့ကြောင်းဖော်ပြသည်။
 
ရငွေထက် ဆုံးရှုံးသည့်ငွေပိုများသဖြင့် ပြီးခဲ့သည့် ၁၅ နှစ်အတွင်း ၁၀ နှစ်စာဝင်ငွေခွန်မဆောင်ထားကြောင်းလည်း ဖော်ပြသည်။
 
အဆိုပါသတင်းများသည် လုံးဝသတင်းမှားများသာဖြစ်ကြောင်း ထရမ့်က ချက်ချင်းငြင်းဆိုသည်။
 
အမေရိကန်သမ္မတများ၏ပုဂ္ဂလိကငွေကြေးကိစ္စများနှင့်ပတ်သက်၍ ထုတ်ပြရန်ဥပဒေအရမလိုသော်လည်း သမ္မတဟောင်း ရစ်ချတ် နစ်ဆင်ကဖော်ပြပြီးနောက် သမ္မတတိုင်းကဖော်ပြခဲ့ကြသည်။
 
ထရမ့်က အစဉ်အလာကိုချိုးဖောက်ပြီး အခွန်ဆောင်မှုများထုတ်ပြရန်ငြင်းဆိုထားသည်။
 
Ref : Trump paid no income taxes in 10 of last 15 years: Report
 
#PeopleMedia

Share this post