• Follow Us on

Home သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာရှိ ပြည်သူတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာရှိ ပြည်သူတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၉ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာ၌ နေထိုင်သည့် ဦးသိန်းမဲအား မနေ့က နံနက် (၁၀) နာရီအချိန်၌ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Dawei Defence Force DDF အဖွဲ့မှ ယနေ့ ထုတ်ပြန်ထားပါတယ်။

 

ဦးသိန်းမဲဆိုသူအား ယမန်နေ့ နံနက်ပိုင်းက စော်ဖျားရွာ ရော်ဘာခြံအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ Dawei Defence Force အဖွဲ့သည် မကြာခဏ ဒေသခံများ၊ သတင်းပေးဟုယူဆခံရသူများကို သတ်ဖြတ်လုပ်ကြံလျက်ရှိနေပါတယ်။

 

Photo – Credit

 

#PeopleMedia #သရက်ချောင်းမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post