• Follow Us on

Home သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism)ဘွဲ့ရ အရှင်သီလာစာရ(ဗုဒ္ဓရင်ခွင်) COVID-19 ရောဂါဖြင့် ပျံလွန်တော်မူခဲ့

သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism)ဘွဲ့ရ အရှင်သီလာစာရ(ဗုဒ္ဓရင်ခွင်) COVID-19 ရောဂါဖြင့် ပျံလွန်တော်မူခဲ့

Share this post

ကျိက်လတ်၊ ဇူလိုင် – ၁၅ (People Media)

သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism) ဘွဲ့ရ အရှင်သီလာစာရ(ဗုဒ္ဓရင်ခွင်)သည် ဇူလိုင်လ ၁၅ ရက်နေ့၌ COVID-19 ရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ကျိက်လတ်မြို့အခြေစိုက် သုခမေတ္တာ လူမှုကူညီရေးအသင်းမှ သိရသည်။

ဆရာတော် အရှင်သီလာစာရ(ဗုဒ္ဓရင်ခွင်)သည် ကျိက်လတ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေစဉ် ယနေ့ နံနက်ပိုင်းက ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆရာတော်ကို ဒီနေ့ သဂြိုလ်ပေးလိုက်ပါတယ်” ဟု ကျိက်လတ်မြို့အခြေစိုက် သုခမေတ္တာလူမှုကူညီရေး အသင်းနာယက ဦးတင်ဝင်းက ပြောသည်။

ဆရာတော် ပျံလွန်တော်မူချိန်တွင် သက်တော်(၅၃)နှစ်၊ ဝါတော်(၃၄)နှစ်ရှိပြီး၊ ဆရာတော် ရုပ်ကလပ်အား ပိတောက်မြိုင်သုဿန်သို့ ပို့ဆောင်ကာ သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ ကျိက်လတ်မြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၈၇ ဦးရှိပြီး၊ အဆိုပါ အတည်ပြုလူနာများထဲမှ လူနာ ၃ ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

#PeopleMedia #Covid-19

(unicode)
……………………………………………………….







#PeopleMedia #Covid-19


Share this post