• Follow Us on

Home သာသနာညှိုးနွမ်းအောင် လုပ်ဆောင်သည့် ရဟန်း (၉)ပါးနှင့် သီလရှင်(၁)ပါး တို့အား သိက္ခာချလူဝတ်လဲစေကာ အရေးယူ


Share this post

မိုးညှင်း၊ နိုဝင်ဘာ ၂၉




ဖြစ်စဉ်နှင့်ပတ်သက်ပြီး သာသနာညှိုးနွမ်းအောင် ပြုမူဆောင်ရွက်ခဲ့ကြသည့် ၄င်းတို့ (၁၀)ဦးအား အရေးယူနိုင်ရန်အတွက် မြို့နယ်သာသနာရေးဦးစီးမှူး ဦးရဲထွဋ်မြတ်မှ တရားလိုပြုလုပ်၍ မိုးညှင်းမြို့မရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် ဦးကောဝိတ (ခ)ဦးကျော်ငွေ၊ (၆၂)နှစ်၊ (ဘ)ဦးဆုပန်း၊ ထီးဆောင်းကျေးရွာ မြင်းမူမြို့ နယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဦးဇာဝဏ္ဏ(ခ)ဦးစိုးလှ၊ (၅၇)နှစ်၊ (ဘ)ဦးဖိုးထွေး၊ ကမ်းပါးမြင့်ကျေး ရွာ၊ သာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ ဦးသံဝရ(ခ)ဦးခင်မောင်၊ (၆၈)နှစ်၊ (ဘ)ဦးအောင်ငယ် လိပ်ခွဲကျေးရွာ ရုံးပင်စောင့်ကျေးရွာအုပ်စု မလှိုင် မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ ဦးပညာနန္ဒ(ခ)ဦး ညွန့်အောင်၊ (၇၁)နှစ်၊ (ဘ)ဦးဖိုးရီ အင်းဘက်ကျေး ရွာ ခင်ဦးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဦးစန္ဒိမာ (ခ)ဦးစည်သူ၊ (၅၆)နှစ်၊ (ဘ)ဦးသိန်းလွင် အမှတ် (၆/၃၆)တိုးချဲ့ရပ်ကွက် အပိုင်း(၁၄)မင်္ဂလာဒုံမြို့ နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဦးဝိလာသ(ခ)ဦး မောင်စိုး(ဘ)ဦးထွန်းရင် ဇေယျာတိုးချဲ့ကွက် သစ် စစ်ကိုင်းမြို့၊ ဦးဥာဏ္ဏ(ခ)ဦးနှောင်းကြီး(၅၂) နှစ်(ဘ)ဦးကြီးရှိန် ဇေယျာတိုးချဲ့ကွက်သစ် စစ် ကိုင်းမြို့၊ ဦးနန္ဒစရိယ(ခ)ဦးတင်ရွှေ(၇၁)နှစ်(ဘ) ဦးလှရွှေ မင်းစေတီလမ်း ရွာမအနောက်ရပ်ကွက် အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဦးကုသလ (ခ)ဦးကြည်စိုး (၅၁)နှစ် (ဘ)ဦးညွန့် လေးအိမ် တန်းကျေးရွာ ရေလျံအုပ်စု လက်ပံတန်း ပဲခူး တိုင်းဒေသကြီး၊ ဒေါ် မာလာရီ (ခ) ဒေါ်စပယ်(၃၈)နှစ် (ဘ)ဦးတင်မြင့် (၂၇)လမ်း အောင်မင်္ဂလာရပ်ကွက် ပြည်မြို့ ပဲခူး တိုင်းဒေသကြီး နေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းမှ ရဲအရေးမပိုင်အမှု အမှတ်စဉ် (၅/၂၀၁၉)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။

မင်္ဂလာဦး

[Unicode]
သာသနာညှိုးနွမ်းအောင် လုပ်ဆောင်သည့် ရဟန်း (၉)ပါးနှင့် သီလရှင်(၁)ပါး တို့အား သိက္ခာချလူဝတ်လဲစေကာ အရေးယူ

မိုးညှင်း၊ နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် သာသနာညှိုးနွမ်းအောင် ဆောင်ရွက်သည့် ရဟန်း (၉)ပါးနှင့် သီလရှင် (၁)ပါးတို့အား ယမန်နေ့ ညပိုင်းက သိက္ခာချလူ၀တ်လဲစေပြီး အရေးယူထားကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့ ဥတ္တရာ ရာမကျောင်းတိုက်မှ ဦးစနြေ္ဒာဘာသနှင့် သံဃာ(၂၀)ပါးတို့ သည် နို၀င်ဘာလ ၂၈ ရက်နေ့၊ ည ၇ နာရီ အချိန်က မြို့နယ်သာသနာရေးဦးစီးမှူး ဦးရဲထွဋ် မြတ်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့၀င်များနှင့် ရပ်မိရပ်ဖများနှင့်အတူ မိုးညှင်းမြို့နယ်အတွင်း ဝိနည်းနှင့်မညီဘဲ အလှူခံနေသည့်
အလှုခံစားနေသည့် ရဟန်း (၉)ပါးနှင့် သီလရှင် (၁)ပါးတို့အား မိုးညှင်းမြို့ ဥတ္တရာ ရာမ ကျောင်းတိုက်၌ ခေါ်ယူစစ်ဆေးခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ ရဟန်း (၉)ပါးနှင့် သီလရှင် (၁)ပါးတို့သည် မိုးညှင်းမြို့၏ တောင်ဘက် (၇)မိုင်ခန့်အကွာရှိ ရွှေပေါက်ကံကျေးရွာသွားလမ်း သံလမ်းရိုးတလျောက် မြေကွက်လွတ်များတွင် တရားမဝင် တစ်ပါးကျောင်းဆောင်ငယ်များ ဆောက်ကာ ဝိနည်းနှင့် မလျော်ကံဘဲ အလှူခံနေကြခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းတို့အား လူ၀တ်လဲစေခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သာသနာညှိုးနွမ်းအောင် ပြုမူဆောင်ရွက်ခဲ့ကြသည့် ၄င်းတို့ (၁၀)ဦးအား အရေးယူနိုင်ရန်အတွက် မြို့နယ်သာသနာရေးဦးစီးမှူး ဦးရဲထွဋ်မြတ်မှ တရားလိုပြုလုပ်၍ မိုးညှင်းမြို့မရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် ဦးကောဝိတ (ခ)ဦးကျော်ငွေ၊ (၆၂)နှစ်၊ (ဘ)ဦးဆုပန်း၊ ထီးဆောင်းကျေးရွာ မြင်းမူမြို့ နယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဦးဇာဝဏ္ဏ(ခ)ဦးစိုးလှ၊ (၅၇)နှစ်၊ (ဘ)ဦးဖိုးထွေး၊ ကမ်းပါးမြင့်ကျေး ရွာ၊ သာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ ဦးသံဝရ(ခ)ဦးခင်မောင်၊ (၆၈)နှစ်၊ (ဘ)ဦးအောင်ငယ် လိပ်ခွဲကျေးရွာ ရုံးပင်စောင့်ကျေးရွာအုပ်စု မလှိုင် မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ ဦးပညာနန္ဒ(ခ)ဦး ညွန့်အောင်၊ (၇၁)နှစ်၊ (ဘ)ဦးဖိုးရီ အင်းဘက်ကျေး ရွာ ခင်ဦးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဦးစန္ဒိမာ (ခ)ဦးစည်သူ၊ (၅၆)နှစ်၊ (ဘ)ဦးသိန်းလွင် အမှတ် (၆/၃၆)တိုးချဲ့ရပ်ကွက် အပိုင်း(၁၄)မင်္ဂလာဒုံမြို့ နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဦးဝိလာသ(ခ)ဦး မောင်စိုး(ဘ)ဦးထွန်းရင် ဇေယျာတိုးချဲ့ကွက် သစ် စစ်ကိုင်းမြို့၊ ဦးဥာဏ္ဏ(ခ)ဦးနှောင်းကြီး(၅၂) နှစ်(ဘ)ဦးကြီးရှိန် ဇေယျာတိုးချဲ့ကွက်သစ် စစ် ကိုင်းမြို့၊ ဦးနန္ဒစရိယ(ခ)ဦးတင်ရွှေ(၇၁)နှစ်(ဘ) ဦးလှရွှေ မင်းစေတီလမ်း ရွာမအနောက်ရပ်ကွက် အင်းစ်ိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဦးကုသလ (ခ)ဦးကြည်စိုး (၅၁)နှစ် (ဘ)ဦးညွန့် လေးအိမ် တန်းကျေးရွာ ရေလျံအုပ်စု လက်ပံတန်း ပဲခူး တိုင်းဒေသကြီး၊ ဒေါ် မာလာရီ (ခ) ဒေါ်စပယ်(၃၈)နှစ် (ဘ)ဦးတင်မြင့် (၂၇)လမ်း အောင်မင်္ဂလာရပ်ကွက် ပြည်မြို့ ပဲခူး တိုင်းဒေသကြီး နေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းမှ ရဲအရေးမပိုင်အမှု အမှတ်စဉ် (၅/၂၀၁၉)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။

မင်္ဂလာဦး

#PeopleMedia #EPN


Share this post