• Follow Us on

Home သာသနာေရး၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္သည္ ဝမ္းနည္းဖြယ္ရာ သုံးသပ္ခ်က္မ်ားျဖစ္ေနေၾကာင္း အမ်ိဳး သားေရးေရွ႕ေန ဦးေအးပိုင္ေျပာ

သာသနာေရး၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္သည္ ဝမ္းနည္းဖြယ္ရာ သုံးသပ္ခ်က္မ်ားျဖစ္ေနေၾကာင္း အမ်ိဳး သားေရးေရွ႕ေန ဦးေအးပိုင္ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၆

ေရႊတိဂုံေစတီေတာ္ပုံရိပ္ေပၚတြင္ Project K အဖြဲ႕ေဖ်ာ္ေျဖကျပတင္ဆက္မႈႏွင့္ပတ္သက္ၿပီး ေစတနာဆိုး၊ အကုသိုလ္ေစတနာဆိုးမရွိေၾကာင္း ထုတ္ျပန္ခ်က္သည္ မွားယြင္းေနၿပီး ဝမ္းနည္းဖြယ္ရာ သုံးသပ္ခ်က္မ်ား ျဖစ္ေနေၾကာင္း အမ်ိဳးသားေရးေရွ႕ေန ဦးေအးပိုင္မွေျပာပါတယ္။

ေရႊတိဂုံေစတီေတာ္ပုံရိပ္ေပၚတြင္ Project K အဖြဲ႕ေဖ်ာ္ေျဖကျပတင္ဆက္မႈႏွင့္ပတ္သက္ၿပီး ယမန္ေန႔က သာသနာေရး၀န္ႀကီးဌာနမွထုတ္ျပန္ခဲ့သည့္ကိစၥႏွင့္ပတ္သက္၍ အမ်ိဳးသားေရးေရွ႕ေန ဦးေအးပိုင္အား People Media မွ ဆက္သြယ္ေမးျမန္းရာ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“လူပုဂၢိဳလ္ေတြ ရာဇ၀တ္မႈေျမာက္မေျမာက္ဆိုတာကို သာသနာေရး၀န္ႀကီးဌာနက ဆုံးျဖတ္ေပးလို႔မရပါဘူး။ ဒီကိစၥကို ျပည္ထဲေရး၀န္ႀကီးဌာန ရဲတပ္ဖြဲ႕နဲ႔ တရားေရးကေနၿပီး ဆုံးျဖတ္ေပးမွရတာျဖစ္တဲ့အတြက္ သာသနာေရး၀န္ႀကီးဌာနရဲ့ ဆုံးျဖတ္ခ်က္ဟာ သုံးသပ္ခ်က္ဟာ မွားယြင္းေနတယ္” ဦးေအးပိုင္က ေျပာပါတယ္။

Project K အဖြဲ႕မွ ႏွစ္ႀကိမ္တိုင္တိုင္ေတာင္းပန္ထားေသာ္လည္း သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားအေနျဖင့္ ေခၚ ယူသတိေပးမႈမ်ားျပဳလုပ္ကာ အေရးယူေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ဦးေအးပိုင္က ဆိုပါတယ္။

ဦးေအးပိုင္မွ ဒီလူငယ္ေတြကလည္း ႏွစ္ႀကိမ္ေတာင္းပန္ထားတယ္လို႔ ၀န္ႀကီးဌာနကလည္း ေျပာထားပါတယ္။ လက္ခံပါတယ္။ ဒါေပမဲ့ ေတာင္းပန္ျခင္းသည္ အႂကြင္းမဲ့ေတာင္းပန္ျခင္းျဖစ္ရမယ္၊ ႁခြင္းခ်က္မပါ” အႂကြင္းမဲ့ ေတာင္းပန္ျခင္းျဖစ္ဖို႔လိုအပ္ပါတယ္။

ခုကသူတို႔ေရးထားတဲ့စာကို ဖတ္ၾကည့္တဲ့အခါမွာ သာမန္အမွားေလးကို ပုံႀကီးခ်ဲ႕ၿပီးေတာ့ မလုပ္ၾကပါနဲ႔၊ ဒီလို ေျပာတာက အထက္စီးကေနၿပီးေတာ့ မေက်မနပ္နဲ႔ျပန္ေရးတဲ့ စကားမ်ိဳးျဖစ္တဲ့အတြက္ အႂကြင္းမဲ့ေတာင္း ပန္ျခင္းမ်ိဳးမဟုတ္ပါဘူး” ဦးေအးပိုင္က ဆိုပါတယ္

၂၀၁၉ ခုႏွစ္ နို၀င္ဘာ ၂၆ ရက္ေန႔တြင္ ျမန္မာေကေပါ့ပ္အဖြဲ႕ Project K အဖြဲ႕ကို ကိုရီးယားနိုင္ငံတြင္ ေလ့ က်င့္သင္ၾကားေပးရန္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ မဲေခါင္-ကိုရီးယားထိပ္သီး အစည္းအေဝးသို႔ တက္ေရာက္ရန္ ေတာင္ကိုရီးယားနိုင္ငံသို႔ေရာက္ရွိခဲ့စဥ္၌ ကိုရီးယားသမၼတမြန္းေဂ်အင္းႏွင့္ ေတြ႕ဆုံစဥ္ ေလ့က်င့္သင္ၾကားေပးရန္ ေတာင္းဆိုထားမႈရွိပါတယ္။

#PeopleMedia

(unicode)
သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ဝမ်းနည်းဖွယ်ရာ သုံးသပ်ချက်များဖြစ်နေကြောင်း အမျိုး သားရေးရှေ့နေ ဦးအေးပိုင်ပြော
………………………………………………………

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ်တွင် Project K အဖွဲ့ဖျော်ဖြေကပြတင်ဆက်မှုနှင့်ပတ်သက်ပြီး စေတနာဆိုး၊ အကုသိုလ်စေတနာဆိုးမရှိကြောင်း ထုတ်ပြန်ချက်သည် မှားယွင်းနေပြီး ဝမ်းနည်းဖွယ်ရာ သုံးသပ်ချက်များ ဖြစ်နေကြောင်း အမျိုးသားရေးရှေ့နေ ဦးအေးပိုင်မှပြောပါတယ်။

ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ်တွင် Project K အဖွဲ့ဖျော်ဖြေကပြတင်ဆက်မှုနှင့်ပတ်သက်ပြီး ယမန်နေ့က သာသနာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားရေးရှေ့နေ ဦးအေးပိုင်အား People Media မှ ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လူပုဂ္ဂိုလ်တွေ ရာဇဝတ်မှုမြောက်မမြောက်ဆိုတာကို သာသနာရေးဝန်ကြီးဌာနက ဆုံးဖြတ်ပေးလို့မရပါဘူး။ ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့နဲ့ တရားရေးကနေပြီး ဆုံးဖြတ်ပေးမှရတာဖြစ်တဲ့အတွက် သာသနာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ဟာ သုံးသပ်ချက်ဟာ မှားယွင်းနေတယ်” ဦးအေးပိုင်က ပြောပါတယ်။

Project K အဖွဲ့မှ နှစ်ကြိမ်တိုင်တိုင်တောင်းပန်ထားသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ခေါ် ယူသတိပေးမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးအေးပိုင်က ဆိုပါတယ်။

ဦးအေးပိုင်မှ ဒီလူငယ်တွေကလည်း နှစ်ကြိမ်တောင်းပန်ထားတယ်လို့ ဝန်ကြီးဌာနကလည်း ပြောထားပါတယ်။ လက်ခံပါတယ်။ ဒါပေမဲ့ တောင်းပန်ခြင်းသည် အကြွင်းမဲ့တောင်းပန်ခြင်းဖြစ်ရမယ်၊ ခြွင်းချက်မပါ” အကြွင်းမဲ့ တောင်းပန်ခြင်းဖြစ်ဖို့လိုအပ်ပါတယ်။

ခုကသူတို့ရေးထားတဲ့စာကို ဖတ်ကြည့်တဲ့အခါမှာ သာမန်အမှားလေးကို ပုံကြီးချဲ့ပြီးတော့ မလုပ်ကြပါနဲ့၊ ဒီလို ပြောတာက အထက်စီးကနေပြီးတော့ မကျေမနပ်နဲ့ပြန်ရေးတဲ့ စကားမျိုးဖြစ်တဲ့အတွက် အကြွင်းမဲ့တောင်း ပန်ခြင်းမျိုးမဟုတ်ပါဘူး” ဦးအေးပိုင်က ဆိုပါတယ်

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် မြန်မာကေပေါ့ပ်အဖွဲ့ Project K အဖွဲ့ကို ကိုရီးယားနိုင်ငံတွင် လေ့ ကျင့်သင်ကြားပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ မဲခေါင်-ကိုရီးယားထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိခဲ့စဉ်၌ ကိုရီးယားသမ္မတမွန်းဂျေအင်းနှင့် တွေ့ဆုံစဉ် လေ့ကျင့်သင်ကြားပေးရန် တောင်းဆိုထားမှုရှိပါတယ်။

#PeopleMedia


Share this post