• Follow Us on
Latest News

Home သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ Project K အဖြဲ႕ကုိ ဥပေဒေၾကာင္းအရ အေရးယူႏုိင္ေရး သံဃာ ေတာ္ႏွင့္ လူပုဂၢိဳလ္အခ်ဳိ႕ ဆႏၵထုတ္ေဖာ္ ေတာင္းဆုိရန္ စီစဥ္၊ ဝန္ႀကီးဌာနမွ တရားဥပေဒအရ အေရးမယူလွ်င္ ကုိယ္တုိင္ တရားစြဲဆုိမည္ဟု ေရွ႕ေနဦးေအးပုိင္ေျပာဆုိ

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ Project K အဖြဲ႕ကုိ ဥပေဒေၾကာင္းအရ အေရးယူႏုိင္ေရး သံဃာ ေတာ္ႏွင့္ လူပုဂၢိဳလ္အခ်ဳိ႕ ဆႏၵထုတ္ေဖာ္ ေတာင္းဆုိရန္ စီစဥ္၊ ဝန္ႀကီးဌာနမွ တရားဥပေဒအရ အေရးမယူလွ်င္ ကုိယ္တုိင္ တရားစြဲဆုိမည္ဟု ေရွ႕ေနဦးေအးပုိင္ေျပာဆုိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၁၄

ကုိရီးယားႏုိင္ငံ၌ Project K အဖြဲ႕၏ တင္ဆက္ကျပေဖ်ာ္ေျဖခဲ့သည့္ ႐ုပ္သံဖုိင္၌ ေရႊတိဂုံေစတီေတာ္၏ ပုံေတာ္ ကုိ နင္း၍ ကျပခဲ့သည့္ ျဖစ္စဥ္အခ်ဳိ႕ေၾကာင့္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ Project K အဖြဲ႕ကုိ ဥပေဒေၾကာင္းအရ အေရးယူေဆာင္ရြက္ရန္ သံဃာေတာ္ႏွင့္ လူပုဂၢိဳလ္အခ်ဳိ႕က ဆႏၵျပေတာင္းဆုိရန္ စီစဥ္လ်က္ရွိသည္။

Project K အဖြဲ႕သည္ ေအာက္တုိဘာ(၁၄)ရက္ေန႔၌ ကုိရီးယားႏုိင္ငံမွ ရန္ကုန္ေလဆိပ္သုိ႔ ျပန္လည္ေရာက္ရွိ ခ်ိန္၌ ရန္ကုန္ေလဆိပ္ျပင္ပ၌ သဃာေတာ္ႏွင့္ လူအမ်ားက ကန္႔ကြက္ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

“မၾကာမီ Project K အဖြဲ႕ကုိ အေရးယူသြားႏုိင္ဖုိ႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနကုိ ဆႏၵျပၿပီး ေတာင္းဆုိသြားမွာပါ။ ဆႏၵထုတ္ေဖာ္ဖုိ႔ သက္ဆုိင္ရာရဲစခန္းကုိ မၾကာမီ ခြင့္ျပဳခ်က္တင္ဖုိ႔ရွိပါတယ္။ အစုိးရ အဖြဲ႕က အေရးမယူရင္ ကုိယ္တုိင္အေရးယူႏုိင္ဖုိ႔ ေဆာင္ရြက္သြားမွာလုိ႔”ေရွ႕ေနႀကီးဦးေအးပုိင္ကေျပာပါတယ္။

ထုိကဲ့သုိ႔ Project K အဖြဲ႕၏ တင္ဆက္ကျပခဲ့သည့္႐ုပ္သံ၌ ေရႊတိဂုံေစတီေတာ္ပုံေတာ္ကုိနင္း၍ ကျပခဲ့သည့္ ႐ုပ္သံေၾကာင့္ ျပည္သူမ်ားက အဆုိပါအဖြဲ႕ကုိ ကန္႔ကြက္ေဝဖန္လ်က္ရွိသည္။

#PeopleMedia #Project-K

(unicode)
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ Project K အဖွဲ့ကို ဥပဒေကြောင်းအရ အရေးယူနိုင်ရေး သံဃာ တော်နှင့် လူပုဂ္ဂိုလ်အချို့ ဆန္ဒထုတ်ဖော် တောင်းဆိုရန် စီစဉ်၊ ဝန်ကြီးဌာနမှ တရားဥပဒေအရ အရေးမယူလျှင် ကိုယ်တိုင် တရားစွဲဆိုမည်ဟု ရှေ့နေဦးအေးပိုင်ပြောဆို
…………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁၄

ကိုရီးယားနိုင်ငံ၌ Project K အဖွဲ့၏ တင်ဆက်ကပြဖျော်ဖြေခဲ့သည့် ရုပ်သံဖိုင်၌ ရွှေတိဂုံစေတီတော်၏ ပုံတော် ကို နင်း၍ ကပြခဲ့သည့် ဖြစ်စဉ်အချို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ Project K အဖွဲ့ကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် သံဃာတော်နှင့် လူပုဂ္ဂိုလ်အချို့က ဆန္ဒပြတောင်းဆိုရန် စီစဉ်လျက်ရှိသည်။

Project K အဖွဲ့သည် အောက်တိုဘာ(၁၄)ရက်နေ့၌ ကိုရီးယားနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ချိန်၌ ရန်ကုန်လေဆိပ်ပြင်ပ၌ သဃာတော်နှင့် လူအများက ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“မကြာမီ Project K အဖွဲ့ကို အရေးယူသွားနိုင်ဖို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ဆန္ဒပြပြီး တောင်းဆိုသွားမှာပါ။ ဆန္ဒထုတ်ဖော်ဖို့ သက်ဆိုင်ရာရဲစခန်းကို မကြာမီ ခွင့်ပြုချက်တင်ဖို့ရှိပါတယ်။ အစိုးရ အဖွဲ့က အရေးမယူရင် ကိုယ်တိုင်အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာလို့”ရှေ့နေကြီးဦးအေးပိုင်ကပြောပါတယ်။

ထိုကဲ့သို့ Project K အဖွဲ့၏ တင်ဆက်ကပြခဲ့သည့်ရုပ်သံ၌ ရွှေတိဂုံစေတီတော်ပုံတော်ကိုနင်း၍ ကပြခဲ့သည့် ရုပ်သံကြောင့် ပြည်သူများက အဆိုပါအဖွဲ့ကို ကန့်ကွက်ဝေဖန်လျက်ရှိသည်။

#PeopleMedia #Project-K

 


Share this post