• Follow Us on

Home သာသနာနွယ်ဖောင်ဒေးရှင်းမှ အောက်စီဂျင်လိုအပ်နေသူ လှူဒါန်းနိုင်ရန်အတွက် အောက်စီဂျင်စက်ရုံကို ၄၅ ရက်အတွင်း အပြီးတည်ဆောက်နေ

သာသနာနွယ်ဖောင်ဒေးရှင်းမှ အောက်စီဂျင်လိုအပ်နေသူ လှူဒါန်းနိုင်ရန်အတွက် အောက်စီဂျင်စက်ရုံကို ၄၅ ရက်အတွင်း အပြီးတည်ဆောက်နေ

Share this post

No description available.

No description available.

 

ရန်ကုန်၊ ဇူလိုင် ၂၈ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုံရှိ မြေနေရာတွင် သာသနာနွယ်ဖောင်ဒေးရှင်းမှ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် အောက်စီဂျင်စက်ရုံကို ၄၅ ရက်အတွင်း အပြီးတည်ဆောက်နေလျက်ရှိ ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်း နာယကဆရာတော် အရှင်စန္ဒဇောတိ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

 

သာသနာနွယ်ဖောင်းဒေးရှင်းမှ အကောင်အထည်ဖော်တည်ဆောက်နေသည့် အောက်စီဂျင်စက်ရုံစီမံကိန်းမှာ လုပ်ငန်းများ စတင်နေမှုမှာ ၁၅ ရက် ရှိနေပြီ၊ ယင်းစက်ရုံအကျယ်အဝန်းမှာ ၁၀၅ ပေ – ၆၅ ပေ ရှိကာ စက်ရုံကို  Steel Structure များဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုဆောက်လုပ်နေသည့် အောက်စီဂျင်စက်ရုံမှာ အောက်စီဂျင်အရည်မှ အငွေ့ထုတ်လုပ်မည့်စက်ရုံတစ်ခု ဖြစ်ကြောင်း သိရသည်။

 

လက်ရှိမှာလည်း သာသနာနွယ်ဖောင်ဒေးရှင်း Mobile Clinic မှ မော်လမြိုင်မြို့ရှိ COVID လူနာများ အပါအဝင်  ကျန်းမာရေးချို့တဲ့နေသည့် လူနာများ၊ ငွေကြေးမတတ်နိုင်သော လူနာများကို ဦးစားပေး၍ အခမဲ့ကုသပေးနေ လျက်ရှိသည့် ဖောင်ဒေးရှင်းတစ်ခုဖြစ်သည်။

 

#PeopleMedia #သာသနာနွယ်ဖောင်ဒေးရှင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post