• Follow Us on

Home သာကေတမြို့နယ်တွင် နာမည်ကြီးလူမိုက် ဦးနေမျိုးအောင် သေနတ်ဖြင့် ပစ်ခတ်ခံရ

သာကေတမြို့နယ်တွင် နာမည်ကြီးလူမိုက် ဦးနေမျိုးအောင် သေနတ်ဖြင့် ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်(၁၃) ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် နာမည်ကြီးလူမိုက် ဦးနေမျိုးအောင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများမှ သိ ရသည်။

 

သာကေတမြို့နယ် ၁၀/တောင်-၁၃ ရပ်ကွက်နေ ဦးနေမျိုးအောင် (၄၅) နှစ်သည် သာကေတမြို့နယ်၊ ၁၀/ တောင်(၁၃ )ရပ်ကွက်၊ သလ္လာဝတီလမ်း ရေကန်ဘောင်တွင် ထိုင်နေစဉ် ဆိုင်ကယ် (၁) စီးဖြင့် PDF (၂) ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးနေမျိုးအောင်၌ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်နေစဉ် လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။

 

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ LUGER ကျည်ခွံ (၂) ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ဦးနေမျိုးအောင်သည် သာကေတမြို့နယ်တွင် နာမည်ကြီး လူမိုက်တစ်ဦးဖြစ်ပြီး၊ ၎င်းမှာ ၂၀၁၄ ခုနှစ်က သာကေတမြို့တွင် ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ခုတွင် ဦးဆောင်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက် ထောင်မှ ပြန်လည်လွတ်မြောက်ထားသူဖြစ်သည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post