• Follow Us on

Home သာေကတၿမိဳ႕နယ္တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိသူသည္ မည္သို႔ကူးစက္ခံရသည္ကို မသိရွိရေသး ေၾကာင္း ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေ၀ၿဖိဳးေအာင္ေျပာ

သာေကတၿမိဳ႕နယ္တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိသူသည္ မည္သို႔ကူးစက္ခံရသည္ကို မသိရွိရေသး ေၾကာင္း ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေ၀ၿဖိဳးေအာင္ေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၇

သာေကတၿမိဳ႕နယ္တြင္ COVID-19 ေရာဂါပိုးေတြ႕ရွိသူသည္ မည္သို႔ကူးစက္ခံရသည္ကို မသိရွိရေသး ေၾကာင္း ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေ၀ၿဖိဳးေအာင္မွ ေျပာသည္။

စက္တင္ဘာ ၅ ရက္ ည ၈ နာရီ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ သာေက တၿမိဳ႕နယ္မွ ထပ္တိုးႏွစ္ဦးပါ၀င္ခဲ့ေၾကာင္း အဆိုပါႏွစ္ဦးအနက္ တစ္ဦးမွာ ၎၏အမ်ဳိးသမီးျဖစ္ ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည့္ကိစၥႏွင့္ပတ္သက္ၿပီး People Media မွ ဆက္သြယ္ေမးျမန္းမႈအေပၚ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“သူရဲ႕Contacts ကေတာ့ မရွိဘူးဗ်။ သူကအလုပ္လုပ္တယ္ေလ။ အလုပ္သြားရတယ္။ သူ႕အလုပ္ကလူ ေတြလည္း Q ၀င္ေနတယ္လို႔ၾကားပါတယ္။ သူ႕အိမ္မွာ မိသားစု ၆ ေယာက္ရွိတယ္။ ခု သူအပါအ၀င္ ၄ ေယာက္ေလာက္က အလုပ္သြားရတယ္။ ဘယ္ကကူးလည္းဆိုတာေတာ့ မသိရေသးဘူးဗ်။ ဘယ္က ကူးလည္း ဘယ္ကလည္းဆိုတာ မသိေသးဘူး” ဟု သာေကတၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေ၀ၿဖိဳးေအာင္မွ ေျပာသည္။

ဆက္လက္ၿပီး “ကၽြန္ေတာ္ေရာ သူ႕မိသားစုအကုန္လံုးေရာ Quarantine ၀င္ထားရတယ္။ လက္ရွိအေျခအေနကေတာ့ အကုန္ေကာင္းပါတယ္။ ခုနကဖုန္းဆက္ ေတာ့ အဖ်ားလည္းမရွိဘူး၊ အနံ႔ေတြဘာေတြျပန္ရေနၿပီ၊ ပါးစပ္ကလည္းအရသာျပန္ခံလို႔ရၿပီေပါ့ေနာ္။ ကၽြန္ေတာ္လည္း အနံ႔လည္းရတယ္၊ အရသာလည္းခံလို႔ရေနတယ္ဆိုေတာ့ အေျခအေနေကာင္းပါတယ္”ဟု ၎မွေျပာ သည္။

၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၇ ရက္ ေန႔လည္ ၁ နာရီခြဲအခ်ိန္ထိ COVID-19 ေရာဂါပိုးေတြ႕ရွိသူ ၁၄၆၄ ဦး၊ ေသဆံုးသူ ၈ ဦးထိရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ထုတ္ျပန္ထား သည္။

#PeopleMedia

(unicode)
သာကေတမြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူသည် မည်သို့ကူးစက်ခံရသည်ကို မသိရှိရသေး ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်ပြော
……………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ရ

သာကေတမြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူသည် မည်သို့ကူးစက်ခံရသည်ကို မသိရှိရသေး ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်မှ ပြောသည်။

စက်တင်ဘာ ၅ ရက် ည ၈ နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သာကေ တမြို့နယ်မှ ထပ်တိုးနှစ်ဦးပါဝင်ခဲ့ကြောင်း အဆိုပါနှစ်ဦးအနက် တစ်ဦးမှာ ၎င်း၏အမျိုးသမီးဖြစ် ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည့်ကိစ္စနှင့်ပတ်သက်ပြီး People Media မှ ဆက်သွယ်မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူရဲ့Contacts ကတော့ မရှိဘူးဗျ။ သူကအလုပ်လုပ်တယ်လေ။ အလုပ်သွားရတယ်။ သူ့အလုပ်ကလူ တွေလည်း Q ဝင်နေတယ်လို့ကြားပါတယ်။ သူ့အိမ်မှာ မိသားစု ၆ ယောက်ရှိတယ်။ ခု သူအပါအဝင် ၄ ယောက်လောက်က အလုပ်သွားရတယ်။ ဘယ်ကကူးလည်းဆိုတာတော့ မသိရသေးဘူးဗျ။ ဘယ်က ကူးလည်း ဘယ်ကလည်းဆိုတာ မသိသေးဘူး” ဟု သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်မှ ပြောသည်။

ဆက်လက်ပြီး “ကျွန်တော်ရော သူ့မိသားစုအကုန်လုံးရော Quarantine ဝင်ထားရတယ်။ လက်ရှိအခြေအနေကတော့ အကုန်ကောင်းပါတယ်။ ခုနကဖုန်းဆက် တော့ အဖျားလည်းမရှိဘူး၊ အနံ့တွေဘာတွေပြန်ရနေပြီ၊ ပါးစပ်ကလည်းအရသာပြန်ခံလို့ရပြီပေါ့နော်။ ကျွန်တော်လည်း အနံ့လည်းရတယ်၊ အရသာလည်းခံလို့ရနေတယ်ဆိုတော့ အခြေအနေကောင်းပါတယ်”ဟု ၎င်းမှပြော သည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက် နေ့လည် ၁ နာရီခွဲအချိန်ထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၄၆၄ ဦး၊ သေဆုံးသူ ၈ ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။

#PeopleMedia


Share this post