• Follow Us on

Home သာကေတမြို့နယ်၌ ကျောင်းစောင့်တာဝန်ထမ်းဆောင်နေသည့် အသက် ၆၃ အရွယ်ရှိသော အမျိးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရ

သာကေတမြို့နယ်၌ ကျောင်းစောင့်တာဝန်ထမ်းဆောင်နေသည့် အသက် ၆၃ အရွယ်ရှိသော အမျိးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်၊ (၉) လမ်းထိပ်ရှိ စာသင်ကျောင်း၌ ကျောင်း စောင့်တာဝန်ထမ်းဆောင်နေသော အသက် ၆၃ နှစ်အရွယ်ရှိ အမျိးသားတစ်ဦးသည် အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

“မနေ့က ည ၇ နာရီခွဲလောက်မှာ ဖြစ်တာ။ ကျောင်းကို ဆိုင်ကယ်နဲ့လာပြီးတော့ ကျောင်းစောင့်ကို သေနတ်နဲ့ လာပစ်သွားတာ။ နေရာမှာပဲ ပွဲခြင်းပြီးသေဆုံးသွားတယ်” ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါ တယ်။

 

အဆိုပါကျောင်း၌ ကျောင်းစောင့်ဖြစ်သူ လုပ်ကြံခြင်းမခံရမှီ နံနက်ပိုင်းက ကျောင်းသူ/သားများကို COVID-19 ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိသော စာသင်ကျောင်းတစ်ခုဖြစ်ပါတယ်။

 

သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသူသည် COVID-19 ကာကွယ်ဆေးထိုးနှံပေးမှုလုပ်ငန်းများ၌ တက်ကြွစွာပါဝင်သူ တစ်ယောက်ဖြစ်တယ်လို့ ဒေသခံအချိ့က ပြောပါတယ်။

 

အဆိုပါ ကျောင်းစောင့်လုပ်ကြံသတ်ဖြတ်ခြင်းခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လူအချိ့ကို သက်ဆိုင်ရာက စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

 

Photo – yangon police

 

#PeopleMedia #သာကေတ #ကျောင်းစောင့်

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


Photo – yangon police

 



Share this post