• Follow Us on

Home သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ကြေညာထည့်သွင်းခဲ့သော်လည်း နေအိမ်နှင့် စားသောက်ဆိုင် ချိတ်ပိတ်ခံရ

သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ကြေညာထည့်သွင်းခဲ့သော်လည်း နေအိမ်နှင့် စားသောက်ဆိုင် ချိတ်ပိတ်ခံရ

Share this post

မကွေး၊ ဒီဇင်ဘာ ၁၃ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့နယ်၌ သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း နိုင်ငံပိုင်သတင်းစာ၌ ကြေညာထည့်သွင်းခဲ့သော်လည်း နေအိမ်နှင့် စားသောက်ဆိုင် ချိတ်ပိတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောဆို ချက်အရ သိရပါတယ်။

 

ဆင်ဖြူကျွန်းမြို့နယ်၌ မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ချမ်းမြေ့ကိုကို ကို အမွေပြတ်စွန့်လွှတ်ကြောင်း ၎င်း၏ မိဘနှစ်ပါးက နိုင်ငံပိုင်သတင်းစာ၌ ကြေညာထည့်သွင်းခဲ့ပါတယ်။

 

“မိသားစုစီးပွားရေးကို ချမ်းမြေ့ကိုကိုက ဦးစီးတာ။ သူ့မိဘအိမ်နဲ့ စားသောက်ဆိုင်ကို ချိတ်ပိတ်တယ်လို့ သိ ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ NUG/PDF/CRPH ထံ ငွေကြေးထောက်ပံ့သူ ပါဝင်ပတ်သက်သူများ ၏ ပိုင်ဆိုင်မှုများကို န-စ-က မှ ချိပ်ပိတ်သိမ်းဆည်းလျက်ရှိနေပါတယ်။

 

Photo – Credit

 

#PeopleMedia #ဆင်ဖြူကျွန်းမြို့နယ်

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post