• Follow Us on

Home သိန္းငွက္၊ လင္းယုန္၊ စြန္ရဲမ်ားၿပိဳင္သည့္ Myanmar Falconry Championship ပြဲျပဳလုပ္

သိန္းငွက္၊ လင္းယုန္၊ စြန္ရဲမ်ားၿပိဳင္သည့္ Myanmar Falconry Championship ပြဲျပဳလုပ္

Share this post

မႏၲေလး၊ ဒီဇင္ဘာ – ၂၈

သိန္းငွက္၊ လင္းယုန္၊ စြန္ရဲ စသည့္ သားစားငွက္မ်ား ၿပိဳင္သည့္ Myanmar Falconry Championship ပြဲကို ဒီဇင္ဘာလ ၂၈ ရက္ေန႔က မႏၲေလးခ႐ိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ Nature Life ျမင္းစီးကြင္းတြင္ ျပဳလုပ္ခဲ့ၾကသည္။

ယင္းၿပိဳင္ပြဲကို Myanmar Falconers’ Club က ဦးစီးျပဳလုပ္ျခင္းျဖစ္ၿပီး ၿပိဳင္ပြဲျပဳလုပ္သည္မွာ ယခုႏွစ္အပါအဝင္ သုံးႀကိမ္ရွိသြားၿပီျဖစ္ကာ သိန္းငွက္၊ လင္းယုန္၊ စြန္ရဲ စသည့္ သားစားငွက္မ်ားကို ထိန္းသိမ္းေမြးျမဴသူမ်ား တစ္ ႏွစ္တစ္ေခါက္ ဆုံေတြ႕ႏိုင္ရန္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္ ။

“ ၂၀၁၆ မွာ လုပ္တယ္ ။ ၂၀၁၇ မွာ မလုပ္ျဖစ္ဘူး။ ၂၀၁၈ နဲ႔ ခု ၂၀၁၉ ဆို သုံးႀကိမ္ရွိၿပီ ။ ပထမတုန္းကေတာ့ ႏွစ္ေကာင္ သုံးေကာင္နဲ႔ လုပ္တယ္။ ဒုတိယလုပ္တုန္းကလည္း မမ်ားဘူး။ ခု တတိယအႀကိမ္မွာေတာ့ ဆယ္ ေယာက္ေက်ာ္လာေတာ့ တျဖည္းျဖည္းတိုးတက္လာတဲ့ သေဘာေပါ႔”ဟု Myanmar Falconers’ Club မွ Founder ကိုစိုင္းေနာင္ က ေျပာသည္ ။

ၿပိဳင္ပြဲတြင္ အမဲလိုက္ျခင္း (Hawking) ၊ ဝဲပ်ံျခင္း (Soaring)၊ သားေကာင္အတုျဖင့္ ကစားျပျခင္း (Lure swing) စသည့္ ၿပိဳင္ပြဲ သုံးမ်ိဳးကို ၿပိဳင္ၾကၿပီး ျမန္မာႏိုင္ငံအနယ္နယ္အရပ္ရပ္မွ ဝါသနာရွင္မ်ား လာေရာက္ယွဉ္ၿပိဳင္ ၾကသည္ ။

ၿပိဳင္ပြဲဝင္သူမွာ ဆယ့္ႏွစ္ေယာက္ရွိေသာ္လည္း ၿပိဳင္ပြဲသို႔ အနယ္နယ္အရပ္ရပ္မွ သားစားငွက္မ်ားကို ထိန္းသိမ္း ေမြးျမဴသူ အမ်ားအျပားလာေရာက္ၾကၿပီး ၿပိဳင္ပြဲတြင္ ဆုရရွိသူအား အမွတ္တရ တံဆိပ္ႏွင့္ ေငြက်ပ္ တစ္သိန္း ခ်ီးျမႇင့္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ သိန္းငွက္၊ လင္းယုန္၊ စြန္ရဲ စသည့္ သားစားငွက္မ်ားကို ထိန္းသိမ္းေမြးျမဴသည့္ ပညာရွင္ အနည္းငယ္သာရွိၿပီး ေမြးျမဴထိန္းသိမ္းႏိုင္ရန္ေလ့လာလွ်က္ရွိသည့္သူ အမ်ားအျပားရွိေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
သိန်းငှက်၊ လင်းယုန်၊ စွန်ရဲများပြိုင်သည့် Myanmar Falconry Championship ပွဲပြုလုပ်
…………………………………………………………

မန္တလေး၊ ဒီဇင်ဘာ – ၂၈

သိန်းငှက်၊ လင်းယုန်၊ စွန်ရဲ စသည့် သားစားငှက်များ ပြိုင်သည့် Myanmar Falconry Championship ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ Nature Life မြင်းစီးကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

ယင်းပြိုင်ပွဲကို Myanmar Falconers’ Club က ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲပြုလုပ်သည်မှာ ယခုနှစ်အပါအဝင် သုံးကြိမ်ရှိသွားပြီဖြစ်ကာ သိန်းငှက်၊ လင်းယုန်၊ စွန်ရဲ စသည့် သားစားငှက်များကို ထိန်းသိမ်းမွေးမြူသူများ တစ် နှစ်တစ်ခေါက် ဆုံတွေ့နိုင်ရန်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည် ။

“ ၂၀၁၆ မှာ လုပ်တယ် ။ ၂၀၁၇ မှာ မလုပ်ဖြစ်ဘူး။ ၂၀၁၈ နဲ့ ခု ၂၀၁၉ ဆို သုံးကြိမ်ရှိပြီ ။ ပထမတုန်းကတော့ နှစ်ကောင် သုံးကောင်နဲ့ လုပ်တယ်။ ဒုတိယလုပ်တုန်းကလည်း မများဘူး။ ခု တတိယအကြိမ်မှာတော့ ဆယ် ယောက်ကျော်လာတော့ တဖြည်းဖြည်းတိုးတက်လာတဲ့ သဘောပေါ့”ဟု Myanmar Falconers’ Club မှ Founder ကိုစိုင်းနောင် က ပြောသည် ။

ပြိုင်ပွဲတွင် အမဲလိုက်ခြင်း (Hawking) ၊ ဝဲပျံခြင်း (Soaring)၊ သားကောင်အတုဖြင့် ကစားပြခြင်း (Lure swing) စသည့် ပြိုင်ပွဲ သုံးမျိုးကို ပြိုင်ကြပြီး မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဝါသနာရှင်များ လာရောက်ယှဉ်ပြိုင် ကြသည် ။

ပြိုင်ပွဲဝင်သူမှာ ဆယ့်နှစ်ယောက်ရှိသော်လည်း ပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ သားစားငှက်များကို ထိန်းသိမ်း မွေးမြူသူ အများအပြားလာရောက်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူအား အမှတ်တရ တံဆိပ်နှင့် ငွေကျပ် တစ်သိန်း ချီးမြှင့်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သိန်းငှက်၊ လင်းယုန်၊ စွန်ရဲ စသည့် သားစားငှက်များကို ထိန်းသိမ်းမွေးမြူသည့် ပညာရှင် အနည်းငယ်သာရှိပြီး မွေးမြူထိန်းသိမ်းနိုင်ရန်လေ့လာလျှက်ရှိသည့်သူ အများအပြားရှိကြောင်း သိရသည်။


Share this post