• Follow Us on

Home သိန္းနီၿမိဳ႕နယ္ရွိ ေက်ာက္လိုဏ္ဂူအတြင္းမွ ဖ်က္အားျပင္း တ႐ုတ္နိုင္ငံထုတ္ ၁၀၇ မမ အပါအဝင္ လက္နက္ႀကီးအေျမာက္အမ်ား တပ္မေတာ္မွ သိမ္းဆည္းနိုင္

သိန္းနီၿမိဳ႕နယ္ရွိ ေက်ာက္လိုဏ္ဂူအတြင္းမွ ဖ်က္အားျပင္း တ႐ုတ္နိုင္ငံထုတ္ ၁၀၇ မမ အပါအဝင္ လက္နက္ႀကီးအေျမာက္အမ်ား တပ္မေတာ္မွ သိမ္းဆည္းနိုင္

Share this post

ရန္ကုန္၊ဇန္နဝါရီ-၁၆

ရွမ္းျပည္နယ္၊သိန္းနီၿမိဳ႕ရွိ ေက်ာက္လိုဏ္ဂူအတြင္းမွ ဖ်က္အားျပင္း တ႐ုတ္နိုင္ငံထုတ္ ၁၀၇ မမ အပါအဝင္ လက္နက္ႀကီးအေျမာက္အမ်ား တပ္မေတာ္မွ သိမ္းဆည္းနိုင္ခဲ့ပါတယ္။

သိန္းနီၿမိဳ႕၊နမ့္ခိုက္ေက်း႐ြာအေနာက္ေတာင္ဘက္ မီတာ(၄၀၀၀)ခန့္အကြာရွိ ေက်ာက္လိုဏ္ဂူအတြင္း၌ သိမ္းဆည္းထားသည့္ တ႐ုတ္နိုင္ငံထုတ္ ဖ်က္အားျပင္း လက္နက္ႀကီးမ်ားကို တပ္မေတာ္မွ သိမ္းဆည္းနိုင္ခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ လိုဏ္ဂူအတြင္းမွ ၁၀၇ မမ သုံးေခ်ာင္းေထာက္ပစ္စင္ (၁)ခု၊၁၀၇မမ ဒုံးသီး(၆)လုံးႏွင့္ယမ္းေထာင့္(၁၂)ေထာင့္၊၁၀၇ အေဝးထိန္းရီမု(၁)ခု၊၁၀၇ဒုံးသီးထိပ္ဖူး(၂၂)ဖူး၊RPGဒုံးသီး(၁၀၈)လုံး၊ယမ္းေထာင့္(၁၀၈)ေတာင့္၊၄၀မမဗုံးသီး(၂၉၉)လုံး၊၆၀မမဗုံးသီး(၁၂)လုံး၊၆၀မမ ဗုံးသီးယမ္းထုတ္တို႔ကို သိမ္းဆည္းနိုင္ခဲ့ျခင္းျဖစ္ပါတယ္။

၁၀၇မမဒုံးသီးမ်ားသည္ တ႐ုတ္နိုင္ငံထုတ္ျဖစ္ၿပီး AA အပါအဝင္ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မွအသုံးျပဳ႕သည့္ လက္နက္မ်ားျဖစ္ပါတယ္။

#peoplemedia

[Unicode]
သိန်းနီမြို့နယ်ရှိ ကျောက်လိုဏ်ဂူအတွင်းမှ ဖျက်အားပြင်း တရုတ်နိုင်ငံထုတ် ၁၀၇ မမ အပါအဝင် လက်နက်ကြီးအမြောက်အများ တပ်မတော်မှ သိမ်းဆည်းနိုင်

ရန်ကုန်၊ဇန်နဝါရီ-၁၆

ရှမ်းပြည်နယ်၊သိန်းနီမြို့ရှိ ကျောက်လိုဏ်ဂူအတွင်းမှ ဖျက်အားပြင်း တရုတ်နိုင်ငံထုတ် ၁၀၇ မမ အပါအဝင် လက်နက်ကြီးအမြောက်အများ တပ်မတော်မှ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သိန်းနီမြို့၊နမ့်ခိုက်ကျေးရွာအနောက်တောင်ဘက် မီတာ(၄၀၀၀)ခန့်အကွာရှိ ကျောက်လိုဏ်ဂူအတွင်း၌ သိမ်းဆည်းထားသည့် တရုတ်နိုင်ငံထုတ် ဖျက်အားပြင်း လက်နက်ကြီးများကို တပ်မတော်မှ သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လိုဏ်ဂူအတွင်းမှ ၁၀၇ မမ သုံးချောင်းထောက်ပစ်စင် (၁)ခု၊၁၀၇မမ ဒုံးသီး(၆)လုံးနှင့်ယမ်းထောင့်(၁၂)ထောင့်၊၁၀၇ အဝေးထိန်းရီမု(၁)ခု၊၁၀၇ဒုံးသီးထိပ်ဖူး(၂၂)ဖူး၊RPGဒုံးသီး(၁၀၈)လုံး၊ယမ်းထောင့်(၁၀၈)တောင့်၊၄၀မမဗုံးသီး(၂၉၉)လုံး၊၆၀မမဗုံးသီး(၁၂)လုံး၊၆၀မမ ဗုံးသီးယမ်းထုတ်တို့ကို သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

၁၀၇မမဒုံးသီးများသည် တရုတ်နိုင်ငံထုတ်ဖြစ်ပြီး AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့မှအသုံးပြု့သည့် လက်နက်များဖြစ်ပါတယ်။

#peoplemedia


Share this post