• Follow Us on

Home သိန္း(၃၈၀)ေက်ာ္ ခုိးယူသူကုိ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ ဖမ္းဆီးႏုိင္

သိန္း(၃၈၀)ေက်ာ္ ခုိးယူသူကုိ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ ဖမ္းဆီးႏုိင္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂

ရန္ကုန္တုိင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၌ သိန္း(၃၈၀)ေက်ာ္ ခုိးယူသူကုိ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ ဖမ္းဆီးႏုိင္ခဲ့ သည္။ ျဖစ္စဥ္မွ ႏုိဝင္ဘာ(၁၉)ရက္၌ Myanmar Supply Co.,Ltd ဂိုေထာင္မန္ေနဂ်ာ ဦး—- သည္ ေနအိမ္တြင္ ရွိေနစဥ္ အမွတ္(၄/က)၊ ဆိပ္ကမ္းသာလမ္း၊ အပိုင္း(၆)၊ စက္မႈဇုန္၊ လွိုင္သာယာၿမိဳ႕နယ္ရွိ ကုမၸဏီ႐ုံးခန္းအတြင္း ရွိ စားပြဲအံဆြဲမွာ ပြင့္ေနၿပီး ကုမၸဏီမွ ေန႔စဥ္အသုံးစရိတ္အျဖစ္ ထုတ္ေပးထားသည့္ ေငြ (၉၄,၀၀၀)က်ပ္မွာ ေပ်ာက္ဆုံးေနသည့္အျပင္ ၎၏ စားပြဲအံဆြဲတတိယထပ္မွာလည္း ပြင့္ေနသည္ကို ေတြ႕ရွိရေၾကာင္း စာေရး မျဖစ္သူမွ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ သြားေရာက္ၾကည့္ရႈခဲ့ရာ အံဆြဲတတိယထပ္အတြင္း ထည့္ထား ေသာေငြ (၃၈,၈၁၅,၀၀၀)က်ပ္မွာ ေပ်ာက္ဆုံးေနသည္ကိုေတြ႕ရွိရသျဖင့္ ခိုးယူသြားသူအားစုံစမ္းေဖာ္ထုတ္ အေရးယူေပးရန္ ဦး——- မွ တရားလိုျပဳလုပ္၍ သက္ဆုိင္ရာသုိ႔ တုိင္ၾကားခဲ့သည္။

အမႈမွတရားခံအား ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး၏ ၫႊန္ၾကားခ်က္အရ ရန္ကုန္ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ အုပ္ခ်ဳပ္မႈဌာနခြဲမွ တပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ရပ္စစ္ေဆးျခင္း၊ တရားလိုႏွင့္ စက္႐ုံဝန္ထမ္းမ်ားအား စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး စက္႐ုံဝန္ထမ္းမ်ားထဲမွ မသကၤာသူ သန္႔ရွင္းေရးဝန္ ထမ္း ဒိုးလုံးအား စစ္ေဆးခဲ့ရာ ၎သည္ ႏုိဝင္ဘာ(၁၉)ရက္၌ ရက္ေန႔(၀၀း၃၀) အခ်ိန္႐ုံးခန္းအတြင္းရွိ ဗီ႐ုိႏွင့္ Locker ေဘာက္အတြင္းမွ ေငြ (၃၈,၈၁၅,၀၀၀)က်ပ္တို႔အား ခိုးယူခဲ့ၿပီး ခိုးယူရရွိေသာ ေငြမ်ားျဖင့္ ေ႐ႊထည္ ပစၥည္း(၁၀)မ်ိဳး၊ နာရီ(၂)လုံး၊ စုစုေပါင္းတန္ဖိုး (၁၅,၆၀၀,၀၀၀)က်ပ္ ဝယ္ယူထားရွိေၾကာင္းႏွင့္ က်န္ေငြမ်ားအား အျပာေရာင္ေကာ္ပုံးအတြင္းထည့္၍ စက္႐ုံၿခံဝန္းေထာင့္ ျမက္႐ုိင္းေတာထဲတြင္ ေျမႀကီးတူးကာ ျမႇုပ္ႏွံထား ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ အမႈမွ သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္းရရွိၿပီးျဖစ္၍ ျပစ္မႈက်ဴးလြန္သူ ဒိုးလုံးအား ဥပေဒႏွင့္အညီအျမန္ တရားစြဲတင္ပို႔နိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည္။

#PeopleMedia

(uniocde)
သိန်း(၃၈၀)ကျော် ခိုးယူသူကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်
………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ သိန်း(၃၈၀)ကျော် ခိုးယူသူကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့ သည်။ ဖြစ်စဉ်မှ နိုဝင်ဘာ(၁၉)ရက်၌ Myanmar Supply Co.,Ltd ဂိုထောင်မန်နေဂျာ ဦး—- သည် နေအိမ်တွင် ရှိနေစဉ် အမှတ်(၄/က)၊ ဆိပ်ကမ်းသာလမ်း၊ အပိုင်း(၆)၊ စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ ကုမ္ပဏီရုံးခန်းအတွင်း ရှိ စားပွဲအံဆွဲမှာ ပွင့်နေပြီး ကုမ္ပဏီမှ နေ့စဉ်အသုံးစရိတ်အဖြစ် ထုတ်ပေးထားသည့် ငွေ (၉၄,၀၀၀)ကျပ်မှာ ပျောက်ဆုံးနေသည့်အပြင် ၎င်း၏ စားပွဲအံဆွဲတတိယထပ်မှာလည်း ပွင့်နေသည်ကို တွေ့ရှိရကြောင်း စာရေး မဖြစ်သူမှ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အံဆွဲတတိယထပ်အတွင်း ထည့်ထား သောငွေ (၃၈,၈၁၅,၀၀၀)ကျပ်မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ခိုးယူသွားသူအားစုံစမ်းဖော်ထုတ် အရေးယူပေးရန် ဦး——- မှ တရားလိုပြုလုပ်၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ တရားလိုနှင့် စက်ရုံဝန်ထမ်းများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စက်ရုံဝန်ထမ်းများထဲမှ မသင်္ကာသူ သန့်ရှင်းရေးဝန် ထမ်း ဒိုးလုံးအား စစ်ဆေးခဲ့ရာ ၎င်းသည် နိုဝင်ဘာ(၁၉)ရက်၌ ရက်နေ့(၀၀း၃၀) အချိန်ရုံးခန်းအတွင်းရှိ ဗီရိုနှင့် Locker ဘောက်အတွင်းမှ ငွေ (၃၈,၈၁၅,၀၀၀)ကျပ်တို့အား ခိုးယူခဲ့ပြီး ခိုးယူရရှိသော ငွေများဖြင့် ရွှေထည် ပစ္စည်း(၁၀)မျိုး၊ နာရီ(၂)လုံး၊ စုစုပေါင်းတန်ဖိုး (၁၅,၆၀၀,၀၀၀)ကျပ် ဝယ်ယူထားရှိကြောင်းနှင့် ကျန်ငွေများအား အပြာရောင်ကော်ပုံးအတွင်းထည့်၍ စက်ရုံခြံဝန်းထောင့် မြက်ရိုင်းတောထဲတွင် မြေကြီးတူးကာ မြှုပ်နှံထား ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ဒိုးလုံးအား ဥပဒေနှင့်အညီအမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia


Share this post