• Follow Us on

Home သိန္း ၅၀၀၀ နီးပါး တန္ဖိုးရွိ စိတ္ႂကြေဆးျပား ၁၃ သိန္း ပိုင္ရွင္မဲ့ဖမ္းမိ

သိန္း ၅၀၀၀ နီးပါး တန္ဖိုးရွိ စိတ္ႂကြေဆးျပား ၁၃ သိန္း ပိုင္ရွင္မဲ့ဖမ္းမိ

Share this post

ရွမ္းအေရွ႕၊ ဒီဇင္ဘာ – ၃၀

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၃ သိန္းေက်ာ္ကို ပိုင္ရွင္မဲ့ဖမ္ဆီးရမိခဲ့ သည္ဟု ရဲတပ္ဖြဲ႕က ေျပာဆိုခဲ့သည္။

ဒီဇင္ဘာလ ၂၈ ရက္ေန႔ မနက္ပိုင္းက မိုင္းဆတ္ၿမိဳ႕၊ မိုင္းထလမ္းေက်းရြာအုပ္စု နာေယာင္းေက်းရြာ ေစ်းဆိုင္ ခန္းတစ္ခုထဲက သိမ္းဆည္းရမိတာပါ။ ဆိုင္ခန္းအတြင္း စင္တစ္ခုေအာက္မွာ စိတ္ႂကြ႐ူးသြပ္ေဆးျပားထည့္ ထားတဲ့ ဆာလာအိပ္ ၁၃ အိပ္ ေဆးျပားေပါင္း ၁၃ သိန္း တန္ဖိုးေငြက်ပ္သိန္းေပါင္း ၄၉၅၀ တန္ဖိုးရွိတယ္။ ပိုင္ရွင္မဲ့အျဖစ္ ဖမ္းမိတာဟု မိုင္းဆတ္ရဲစခန္းမွဴးက ေျပာသည္။

အဆိုပါေစ်းဆိုင္ခန္းကို ထိုင္းႏိုင္ငံသားတစ္ဦးျဖစ္သူ ေက်ာ့ခ်ိဳင္းဆိုသူက လာေရာက္ငွားရမ္း ဆိုင္ဖြင့္ေနထိုင္တာ ျဖစ္ၿပီး ရဲတပ္ဖြဲ႕က ရွာေဖြဖမ္းဆီးခ်ိန္ အဆိုပါအိမ္ငွားေနသူ ထိုင္းႏိုင္ငံသားေက်ာ့ခ်ိဳင္းကို မေတြ႕ရသျဖင့္ ပိုင္ရွင္ မဲ့အျဖစ္ သိမ္းဆည္းလာတာျဖစ္သည္ဟု ၎က ဆက္လက္ေျပာျပသည္။

အဆိုပါမိုင္းဆတ္ၿမိဳ႕နယ္ နားေယာင္းေစ်းရွိ ဆိုင္ခန္းမ်ားတြင္ မူးယစ္ေဆးဝါးေရာင္း၀ယ္ေနသည္ဟု သတင္း အရရဲတပ္ဖြဲ႕ႏွင့္ UWSA(၀)အဖြဲ႕တို႔ ပူးေပါင္းရွာေဖြခဲ့တာျဖစ္သည္ဟုသိရသည္။

ယင္းစိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၃ သိန္း သိမ္းဆည္းရမိမႈကို မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားၿပီး ဆိုင္ငွားေနထိုင္သူ ေက်ာ့ခ်ိဳင္းကို ဖမ္းဆီးရမိေရးအတြက္ လုပ္ေဆာင္ေနသည္ဟုသိရသည္။

Juno

#PeopleMedia #EPN

(Unicode)
သိန်း ၅၀၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၃ သိန်း ပိုင်ရှင်မဲ့ဖမ်းမိ
………………………………………………………………

ရှမ်းအရှေ့၊ ဒီဇင်ဘာ – ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော်ကို ပိုင်ရှင်မဲ့ဖမ်ဆီးရမိခဲ့ သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက မိုင်းဆတ်မြို့၊ မိုင်းထလမ်းကျေးရွာအုပ်စု နာယောင်းကျေးရွာ ဈေးဆိုင် ခန်းတစ်ခုထဲက သိမ်းဆည်းရမိတာပါ။ ဆိုင်ခန်းအတွင်း စင်တစ်ခုအောက်မှာ စိတ်ကြွရူးသွပ်ဆေးပြားထည့် ထားတဲ့ ဆာလာအိပ် ၁၃ အိပ် ဆေးပြားပေါင်း ၁၃ သိန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၄၉၅၀ တန်ဖိုးရှိတယ်။ ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိတာဟု မိုင်းဆတ်ရဲစခန်းမှူးက ပြောသည်။

အဆိုပါဈေးဆိုင်ခန်းကို ထိုင်းနိုင်ငံသားတစ်ဦးဖြစ်သူ ကျော့ချိုင်းဆိုသူက လာရောက်ငှားရမ်း ဆိုင်ဖွင့်နေထိုင်တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးချိန် အဆိုပါအိမ်ငှားနေသူ ထိုင်းနိုင်ငံသားကျော့ချိုင်းကို မတွေ့ရသဖြင့် ပိုင်ရှင် မဲ့အဖြစ် သိမ်းဆည်းလာတာဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါမိုင်းဆတ်မြို့နယ် နားယောင်းဈေးရှိ ဆိုင်ခန်းများတွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟု သတင်း အရရဲတပ်ဖွဲ့နှင့် UWSA(ဝ)အဖွဲ့တို့ ပူးပေါင်းရှာဖွေခဲ့တာဖြစ်သည်ဟုသိရသည်။

ယင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်း သိမ်းဆည်းရမိမှုကို မိုင်းဆတ်မြို့နယ် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ဆိုင်ငှားနေထိုင်သူ ကျော့ချိုင်းကို ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေသည်ဟုသိရသည်။

Juno

#PeopleMedia #EPN


Share this post