• Follow Us on

Home သိမ်ဇရပ်မြို့၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားမှုကို စစ်ဆေးရာ၌ တရားမဝင်ဘင်္ဂါလီ(၇)ဦးကို ခေါ်ဆောင်သူသည် ဒု-ရဲအုပ် တစ်ဦးပါဝင်နေ


Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)






#PeopleMedia #ဘင်္ဂါလီ

(unicode)
သိမ်ဇရပ်မြို့၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားမှုကို စစ်ဆေးရာ၌ တရားမဝင်ဘင်္ဂါလီ(၇)ဦးကို ခေါ်ဆောင်သူသည် ဒု-ရဲအုပ် တစ်ဦးပါဝင်နေ
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ် သထုံစုကျေးရွာအနီး၌ ယာဉ်တစ်စီး တိမ်းမှောက်မှုကို စစ်ဆေးရာ၌ တရားမဝင်အထောက် အထားမဲ့ ဘင်္ဂါလီ(၇)ဦး ခေါ်ဆောင်သူ၌ ဒု-ရဲအုပ်တစ်ဦးပါဝင်နေကြောင်း သက်ဆိုင်ရာ သိမ်ဇရပ်မြို့နယ် ရဲစခန်းက အတည်ပြုသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၆)ရက်နေ့၌ သိမ်ဇရပ်မြို့ သထုံစုကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်သွား ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၀/၆) နှင့် (၉၀/၇) ကြားတွင် Toyota RAV 4 ယာဉ်အနက်ရောင် မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အပေါ် သက်ဆိုင်ရာက သွားရောက်စစ်ဆေးရာ၌ တရားမဝင်ဘင်္ဂါလီများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဘင်္ဂါလီများအား စစ်ဆေးခဲ့ရာ အခကြေးငွေယူကာပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပို့ဆောင်ရန် လူသုံးဦးနှင့် ဒု-ရဲအုပ် တစ်ဦးလည်း ပါဝင်ကြောင်း သက်ဆိုင်ရာက အတည်ပြုသည်။

ထို့ကြောင့် အခကြေးငွေးရယူပြီး ပို့ဆောင်ပေးခဲ့သူများကို (ပ) ၅၃၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၆၇/၁၁၄ အရအမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

Photo – MJA(ကျိုတ်ထို) ဘင်္ဂါလီများကို သယ်ဆောင်သူ ၃ ဦးနှင့် ခိုးဝင်ဘင်္ဂါလီ ၇ ဦး

#PeopleMedia #ဘင်္ဂါလီ


Share this post