• Follow Us on
Latest News

Home သိန္နီမြို့နယ်ရှိ သိန္နီ PDF(TNPDF) စခန်းများ တိုက်ခိုက်ခံရပြီးနောက် PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသလို  စခန်းရှိ ဖောက်ခွဲရေးပစ္စည်းများ မီးရှို့ဖျက်ဆီးခံရကြောင်း အဆိုပါ PDF အဖွဲ့ ထုတ်ပြန်

သိန္နီမြို့နယ်ရှိ သိန္နီ PDF(TNPDF) စခန်းများ တိုက်ခိုက်ခံရပြီးနောက် PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသလို  စခန်းရှိ ဖောက်ခွဲရေးပစ္စည်းများ မီးရှို့ဖျက်ဆီးခံရကြောင်း အဆိုပါ PDF အဖွဲ့ ထုတ်ပြန်

Share this post

ရှမ်း၊ ဒီဇင်ဘာ ၂ (People Media)

 

ရှမ်းပြည်နယ်၊ သိန္နီမြို့၊ သိန္နီ PDF(TNPDF) စခန်းများကို စစ်တပ်မှ ယမန်နေ့ည ၁၁ နာရီကျော်အချိန်နှင့် ယနေ့ နံနက် ၆ နာရီကျော်အချိန်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရသလို စခန်းရှိ ဖောက်ခွဲရေးပစ္စည်းများလည်း မီးရှို့ဖျက်ဆီးခြင်းခံရကြောင်း အဆိုပါ PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

TNPDF ၏ သင်တန်းလေ့ကျင့်ရေးကွင်းနေရာသို့ ယနေ့ နံနက်ပိုင်းက ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပြီး TNPDF ပြောက်ကျားအဖွဲ့(၅)နှင့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြထားသည်။

 

နှစ်ဘက်တိုက်ပွဲများကြောင့် စစ်တပ်ဘက်မှ သုံးယောက်သေဆုံးပြီး TNPDF မှ ခုနှစ်ယောက် ဒဏ်ရာရရှိခဲ့ ကြောင်း၊ TNPDF သင်တန်းကွင်းနေရာရှိ သင်တန်းသုံးကိရိယာများ၊ ဖောက်ခွဲရေးပစ္စည်းတစ်ချို့နှင့် သင်တန်း သားများ၏အဆောင်တဲများ မီးရှိူ့ဖျက်စီးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

 

အလားတူ ယမန်နေ့ည ၁၁ နာရီခန့်က TNPDF ၏ စခန်းအထွက် ကင်းအဖွဲ့၏စခန်းကို စစ်တပ်မှ အင်အား သုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အင်အားမသာခဲ့၍ TNPDF မှ ရဲဘော်နှစ်ဦးဖမ်းခံရပြီး၊ ကျန်အဖွဲ့သားများ ပင်မစခန်းသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း TNPDF အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

Photo – သိန္နီ PDF(TNPDF) စခန်းများ တိုက်ခိုက်ခံခဲ့ရသည့်မြင်ကွင်း

 

#PeopleMedia #TNPDFအဖွဲ့

 

(unicode)


……………………………………………………..

 


 


 


 


 


 


 



Share this post