• Follow Us on
Latest News

Home သိန္နီမြို့ PDF အဖွဲ့မှ တပ်မတော် တိုက်လေယာဉ်ကို အမြောက်ဖြင့် ပစ်ခတ်ရာ တိုက်ဂျက်လေယာဉ် ပျက်ကြ သွားကြောင်း ရေးသားမှုသည် သတင်းအမှားသာဖြစ်၊ အဆိုပါ သတင်းအမှားကို မီဒီယာအချို့မှ အမှန်ထင်၍ ပြန်လည်ဖော်ပြမှုများ ပြုလုပ်ခဲ့

သိန္နီမြို့ PDF အဖွဲ့မှ တပ်မတော် တိုက်လေယာဉ်ကို အမြောက်ဖြင့် ပစ်ခတ်ရာ တိုက်ဂျက်လေယာဉ် ပျက်ကြ သွားကြောင်း ရေးသားမှုသည် သတင်းအမှားသာဖြစ်၊ အဆိုပါ သတင်းအမှားကို မီဒီယာအချို့မှ အမှန်ထင်၍ ပြန်လည်ဖော်ပြမှုများ ပြုလုပ်ခဲ့

Share this post

တောင်ကြီး၊ နိုဝင်ဘာ ၁၀ (People Media)

 

နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းက တပ်မတော်မှ တိုက်လေယာဉ်တစ်စင်းကို ၎င်းတို့ PDF အဖွဲ့မှ ပစ်ချနိုင်ခဲ့ပြီး အဆိုပါ ဂျက်တိုက်လေယာဉ်သည် မီးလောင်ပျက်စီးသွားကြောင်း သတင်းအမှားတစ်ခုကို သိန္နီမြို့ PDF အဖွဲ့မှ ၎င်းတို့၏ Page ၌ ဖော်ပြခဲ့ပါတယ်။

 

အဆိုပါ ဖော်ပြချက်ကို မီဒီယာအချို့မှ ကူးယူပြီး ပြန်လည်ဖော်ပြမှု ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် တပ်မတော်မှ ဂျက်တိုက်လေယာဉ်တစ်စင်းကို ၎င်းတို့မှ ပစ်ချနိုင်ခဲ့ကြောင်း Post ကို ပြန်လည်ဖယ်ရှားခဲ့ပါတယ်။

 

Post ပြန်လည်ဖယ်ရှားမှုနှင့် ပတ်သက်ပြီး သိန္နီမြို့ PDFအဖွဲ့က “လေယာဉ်ပျက်ကျတာ မဟုတ်ဘူး။ လေယာဉ် ဗုံးကျဲလိုက်တဲ့အတွက် ကျွန်တော်တို့ဘက်မှ ပုံရိုက်ကူးရေးသမားမှ ရိုက်လိုက်သည့်ပုံဖြစ်ပြီး တပ်ပြန်ဆုပ်လာ ပါတယ် ခင်ဗျာ။ သတင်းရယူမှုအမှားဖြစ်သွားတဲ့အတွက် ပြည်သူကို ဝန်ချတောင်းပန်အပ်ပါသည်လို့” ပြန်လည် ရေးသားထားပါတယ်။

 

သိန္နီမြို့ PDF အဖွဲ့မှ ထုတ်ပြန်ချက်အပေါ် Delta News Agency အပါအဝင် PDF Page များက ပြန်လည် ဖော်ပြမှု ပြုလုပ်ခဲ့ကြပါတယ်။

 

#Peoplemedia #သတင်းအမှား #သိန္နီမြို့PDF

 

(unicode)


…………………………………………………………

 


 


 


 


 


 

#Peoplemedia #သတငျးအမှား #သိန်နီမွို့PDF


Share this post