• Follow Us on

Home သီတဂူချင်းတွင်းဗုဒ္ဓတက္ကသိုလ်တွင် မည်သည့်စစ်တပ်မှ တပ်စွဲထားခြင်းမရှိသလို ကျောင်းကိုလည်း ပစ် ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်လည်းမရှိကြောင်း သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ်(မုံရွာ) ထုတ်ပြန်

သီတဂူချင်းတွင်းဗုဒ္ဓတက္ကသိုလ်တွင် မည်သည့်စစ်တပ်မှ တပ်စွဲထားခြင်းမရှိသလို ကျောင်းကိုလည်း ပစ် ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်လည်းမရှိကြောင်း သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ်(မုံရွာ) ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ (People Media)

 

စစ်ကိုင်းတိုင်းဒေကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ်တွင် မည်သည့် စစ်တပ်မှ တပ်စွဲထားခြင်းမရှိသလို ကျောင်းကိုလည်း ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်လည်း မရှိကြောင်း သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ်(မုံရွာ)မှ ထုတ်ပြန်ထားသည်။

 

မိမိတို့ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ်သည် မည်သည့်စစ်တပ်မှ တပ်စွဲထားခြင်းမရှိသည့် သာသနာတော်အတွက် ထူးချွန်ထက်မြတ်သော ရှင်သာမဏေများ ပေါ်ထွန်းလာရေးအတွက်သာ သီတဂူ ဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် ရှင်သာမဏေများ၏ ပညာရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဒီဇင်ဘာလ ၈ ရက်နေ့ ဖြစ်စဉ်အမှန်မှာ ယင်းနေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မိမိတို့၏တက္ကသိုလ်ဝင်းအနီးသို့ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်လိုက်မှန်းမသိသော ကျည်ခွံသုံးခုသာ ကျရောက်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

 

DVB TV News က ဖော်ပြသောသတင်းသည် သတင်းအမှားတစ်ခုသာဖြစ်ကြောင်းနှင့် သီတဂူချင်းတွင်း သာ မဏေကျော်ဗုဒ္ဓတက္ကသိုလ်၌ ဘာတစ်ခုမှ ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သီတဂူချင်းတွင်း သာမဏေ ကျော်ဗုဒ္ဓတက္ကသိုလ်မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ်

 

(unicode)


……………………………………………………………………….

 


 


 


 


 


 

#PeopleMedia #သီတဂူခငြျးတှငျးသာမဏကြေောျဗုဒ်ဓတက်ကသိုလျ


Share this post