• Follow Us on

Home သီတဂူဆရာတော်ဘုရားကြီးက ထိုင်းနိုင်ငံ၌ ဆေးကုသမှုခံယူနေကြသော ဆရာတော်နှစ်ပါး၏ ကျန်းမာရေး အတွက် အလှူငွေကျပ် သိန်း (၂၉၀) လှူဒါန်း

သီတဂူဆရာတော်ဘုရားကြီးက ထိုင်းနိုင်ငံ၌ ဆေးကုသမှုခံယူနေကြသော ဆရာတော်နှစ်ပါး၏ ကျန်းမာရေး အတွက် အလှူငွေကျပ် သိန်း (၂၉၀) လှူဒါန်း

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ (People Media)

 

သီတဂူဆရာတော်ဘုရားကြီးက ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေကြသော ဆရာတော်နှစ်ပါး၏ ကျန်း မာရေးအတွက် အလှူတော်ငွေကျပ် သိန်း (၂၉၀) အား ဒီဇင်ဘာလ ၁၃ ရက်နေ့က လှူဒါန်းခဲ့ကြောင်း သိရ သည်။

 

စစ်ကိုင်းတိပိဋကဆရာတော် အရှင်အဘိဇာတာဘိဝံသ၏ ကျန်းမာရေးအလှူအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း (မြန်မာကျပ် သိန်း ၁၉၀)နှင့် မြစကြာဆရာတော် အရှင်ဣန္ဒကာဘိဝံသ၏ ကျန်းမာရေးအလှူ ကျပ်သိန်းတစ်ရာတိတိတို့ကို ဆရာတော်ကိုယ်စား နောင်တော်ကြီးသုံးပါး ကိုယ်တိုင်သွား၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး

 

(Unicode)


……………………………………………………………….

 


 


 


 



Share this post