• Follow Us on

Home သီတဂူဆရာတော်ဘုရားကြီး၏ သက်တော် (၈၅) နှစ်ပြည့်မွေးနေ့တွင် ကြွရောက်တော်မူလာသော သက်တော် (၉၀) ကျော် ဆရာတော်ဘုရားကြီး (၂) ပါးအား သီတဂူဆရာတော်ကြီးမှ ဂါရဝပြုကန်တော့ပန်းဆင်ခဲ့

သီတဂူဆရာတော်ဘုရားကြီး၏ သက်တော် (၈၅) နှစ်ပြည့်မွေးနေ့တွင် ကြွရောက်တော်မူလာသော သက်တော် (၉၀) ကျော် ဆရာတော်ဘုရားကြီး (၂) ပါးအား သီတဂူဆရာတော်ကြီးမှ ဂါရဝပြုကန်တော့ပန်းဆင်ခဲ့

Share this post

နေပြည်တော်၊ မတ် ၁၄

 

အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ဘုရားကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့တွင် ကြွရောက် တော်မူလာသော သက်တော်ရှည် သက်တော် (၉၀) ကျော် ဆရာတော်ဘုရားကြီး (၂) ပါးကို သီတဂူဆရာ တော်ကြီးမှ ဂါရဝပြုကန်တော့ပန်းဆင်ခဲ့ကြောင်း သိရသည်။

 

တပေါင်းလဆန်း (၁၃)ရက်နေ့ နံနက်တွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်၊ ရတနာစေတီဆင်များရှင်ဘုရားကြီးကို စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်မည်ဖြစ်သလို  တပေါင်းလဆန်း (၁၄) ရက် နံနက်တွင် မင်းဝံ တောင်ရိုးရှိ၊ မင်းလှတောင်စေတီတော် ဌာပနာပိတ်သွင်းအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တပေါင်းလပြည့်နေ့တွင် ရတနာစေတီဆင်များရှင်ဘုရားကြီးကို အနေကဇာတင်ခြင်း၊ ရေစက်ချ အလှူဒါနပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

တပေါင်းလပြည့်ကျော ်(၁) ရက်နေ့ အာရုဏ်ဦးအချိန်တွင် စစ်ကိုင်းမြို့မှ သံဃာတော်အပါး (၅၀၀) ဆွမ်း လောင်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

(unicode)


…………………………………….

 


 


 


 


 



Share this post