• Follow Us on

Home သီတဂူဆရာတော်ဘုရားကြီး ရုရှားနိုင်ငံတွင် သီတင်းသုံးတော်မူနေ

သီတဂူဆရာတော်ဘုရားကြီး ရုရှားနိုင်ငံတွင် သီတင်းသုံးတော်မူနေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)

 

ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ စက်တင်ဘာ ၁ ရက်နေ့တွင် ကျေးဇူး တော်ရှင် အဘိဓဇမဟာရဌဂုရု ရွှေကျင်နိကာယဥပဥက္ကဋ္ဌ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူ ဆရာတော်ဘုရားကြီး ရောက်ရှိသီတင်းတော်မူလျက်ရှိကြောင်း သိရသည်။

 

မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို ကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု ရွှေကျင်နိကာယဥပဥက္ကဋ္ဌ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ဘုရားကြီး၏ သြဝါဒကိုခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၏ လှူဒါန်းမှုဖြင့် သာသနာနှစ် ၂၅၅၉၊ ကောဇာသက္ကရာဇ် ၁၃၇၇ ပထမဝါဆိုလဆန်း (၁၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် တည်ဆောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #သီတဂူ

 

(unicode)


…………………………………………………………………

 


 


 


 



Share this post