• Follow Us on

Home သီတဂူဆရာတော်ကြီးမှ အင်းစိန်ရွာမဆရာတော်ကြီး အမှူးပြုသော သံဃာတော်များအတွက် သင်္ကန်းအစုံ (၃၆၀) လှူဒါန်း

သီတဂူဆရာတော်ကြီးမှ အင်းစိန်ရွာမဆရာတော်ကြီး အမှူးပြုသော သံဃာတော်များအတွက် သင်္ကန်းအစုံ (၃၆၀) လှူဒါန်း

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ (People Media)

 

သီတဂူဆရာတော်ကြီးမှ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ ရွာမဆရာတော်ကြီး အမှူးပြုသော သံဃာတော် အပါး (၁၈၀) အတွက် တစ်ပါးလျှင် ၂ စုံစီဖြင့် သင်္ကန်းအစုံ (၃၆၀) တို့ကို လှူဒါန်းခဲ့သည်။

 

သီတဂူဆရာတော်ကြီးမှ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ သင်္ကန်းအစုံ လှူဒါန်းရာတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သင်္ကန်းအစုံ (၁၈၀)တို့ကို လှူဒါန်းခဲ့ပြီး၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သင်္ကန်း အစုံ (၁၈၀) တို့ကို ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သီတဂူဆရာတော်ကြီးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေ ကြသော စစ်ကိုင်းတိပိဋကဆရာတော် အရှင်အဘိဇာတာဘိဝံသ၏ ကျန်းမာရေးအတွက် အလှူငွေ အမေရိကန် ဒေါ်လာ တစ်သောင်း(မြန်မာကျပ် သိန်း ၁၉၀)နှင့် မြစကြာဆရာတော် အရှင်ဣန္ဒကာဘိဝံသ၏ ကျန်းမာရေး အတွက် အလှူငွေ ကျပ်သိန်းတစ်ရာတိတိတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


…………………………………………………………

 


 


 


 


 



Share this post