• Follow Us on

Home သီတဂူ(ရန်ကုန်)ဘွဲ့နှင်းသဘင်အား ယမန်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့

သီတဂူ(ရန်ကုန်)ဘွဲ့နှင်းသဘင်အား ယမန်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့

Share this post

နေပြည်တော်၊ မတ် ၃

 

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို မတ်လ ၂ ရက်နေ့ တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ၉ ထပ်ကျောင်းဆောင်၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ ဘွဲ့နှင်းသဘင်အခန်းအနားတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် ပညာသင်နှစ်အလိုက် B.A, Buddhist Studies ဖြင့် အောင်မြင်ခဲ့ကြသော ရဟန်းသံဃာများ၊ သီလရှင်ဆရာလေး စုစုပေါင်း (၂၂၁) ပါးကို အခမ်းအနားချိန် ၁ နာရီအတွင်း ဘွဲ့များပေးအပ်ပြီးစီးခဲ့ကြောင်း သိရသည်။

 

ဘွဲ့နှင်းသဘင်အခန်းအနားအပြီးတွင် ဘွဲ့ရသဃာတော်များအား သင်္ကန်းများလှူဒါန်းခဲ့သလို နေ့ဆွမ်းကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(unicode)


………………………………………

 


 


 


 



Share this post