• Follow Us on

Home သီရိလကၤာနိုင္ငံ၌ ေထာင္တြင္းဆူပူမႈေၾကာင့္ ေျခာက္ဦး ေသဆုံးၿပီး ၅၂ ဦး ဒဏ္ရာရ

သီရိလကၤာနိုင္ငံ၌ ေထာင္တြင္းဆူပူမႈေၾကာင့္ ေျခာက္ဦး ေသဆုံးၿပီး ၅၂ ဦး ဒဏ္ရာရ

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၃၀(PeopleMedia)

သီရိလကၤာနိုင္ငံရွိ အက်ဥ္းေထာင္တစ္ခု၌ လုံျခဳံေရးအေစာင့္မ်ားက အက်ဥ္းသားမ်ားႏွင့္ တိုက္ခိုက္မႈျဖစ္ ေစသည့္ ေထာင္တြင္းဆူပူမႈတစ္ခု ျဖစ္ပြားခဲ့ရာ လူေျခာက္ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ၅၂ ဦး ဒဏ္ရာရရွိခဲ့ ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။

အက်ဥ္းေထာင္မ်ားအတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ျမင့္တက္ေနစဥ္ အက်ဥ္းသားမ်ားက ဆႏၵ ေဖာ္ထုတ္မႈမ်ား ျပဳလုပ္ခဲ့ၿပီး အာမခံျဖင့္ ေစာလ်င္စြာ လႊတ္ေပးေရး၊ ပိုမိုေကာင္းမြန္ေသာ ပံ့ပိုးမႈမ်ား ေဆာင္ရြက္ ေပးေရး ေတာင္းဆိုခဲ့ၾကသည္။

လုံျခဳံေရးအေစာင့္မ်ားက မဟာရာအက်ဥ္းေထာင္ရွိ ထိန္းမနိုင္သိမ္းမနိုင္ အေျခအေနကိုထိန္းခ်ဳပ္ရန္ တပ္ဖြဲ႕အသုံးျပဳခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေအဂ်စ္ရိုဟာနာက ေျပာသည္။

အက်ဥ္းေထာင္ လုံျခဳံေရးအေစာင့္မ်ားက ဆူပူမႈထိန္းခ်ဳပ္ရန္ ပစ္ခတ္မႈျပဳလုပ္ခဲ့ေၾကာင္း မီဒီယာသတင္း မ်ားက ေဖာ္ျပၿပီး ဒဏ္ရာရရွိသူမ်ားကို ရာဂါမာေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း ရိုဟာနာက ေျပာသည္။

ကိုလံဘိုၿမိဳ႕ေတာ္ရွိ ဝါလီကာဒါအက်ဥ္းေထာင္၌ အက်ဥ္းသားတစ္စုက ဆႏၵေဖာ္ထုတ္မႈ ျပဳလုပ္ခဲ့ၿပီး အာ မခံျဖင့္လႊတ္ေပးရန္ ေတာင္းဆိုလိုက္သည္။

ေထာင္တြင္း ဆိုးရြားလာေသာ အေျခအေနမ်ားေၾကာင့္ အဂူနာကိုလာပါလာဆာ အက်ဥ္းေထာင္ရွိ အ က်ဥ္းသားမ်ားက ဆႏၵေဖာ္ထုတ္ေနသည္မွာ ရွစ္ရက္တိုင္ၿပီျဖစ္သည္။

ၿပီးခဲ့သည့္လက အထည္ခ်ဳပ္စက္႐ုံတစ္ခုႏွင့္ ငါးေစ်းတစ္ခု၌ အစုလိုက္အျပဳံလိုက္ ကိုဗစ္-၁၉ ေရာဂါ ကူး စက္မႈ ျဖစ္ပြားၿပီးေနာက္ သီရိလကၤာနိုင္ငံ၌ ဗိုင္းရပ္စ္ကူးစက္မႈ ျမင့္တက္လာခဲ့သည္။

ဂၽြန္ေဟာ့ကင္းတကၠသိုလ္၏ အခ်က္အလက္မ်ားအရ သီရိလကၤာနိုင္ငံ၌ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၂၃၄၈၄ မႈႏွင့္ ေသဆု႔းသူ ၁၁၆ ဦးရွိေၾကာင္း သိရသည္။

ကိုးကား – ဘီဘီစီ

Ref; Sri Lanka: Six die in prison riot over Covid panic

(unicode)
သီရိလင်္ကာနိုင်ငံ၌ ထောင်တွင်းဆူပူမှုကြောင့် ခြောက်ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရ
………………………………………………………..

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀(PeopleMedia)

သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်တစ်ခု၌ လုံခြုံရေးအစောင့်များက အကျဉ်းသားများနှင့် တိုက်ခိုက်မှုဖြစ် စေသည့် ထောင်တွင်းဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း တာဝန်ရှိသူများက ပြောသည်။

အကျဉ်းထောင်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေစဉ် အကျဉ်းသားများက ဆန္ဒ ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး အာမခံဖြင့် စောလျင်စွာ လွှတ်ပေးရေး၊ ပိုမိုကောင်းမွန်သော ပံ့ပိုးမှုများ ဆောင်ရွက် ပေးရေး တောင်းဆိုခဲ့ကြသည်။

လုံခြုံရေးအစောင့်များက မဟာရာအကျဉ်းထောင်ရှိ ထိန်းမနိုင်သိမ်းမနိုင် အခြေအနေကိုထိန်းချုပ်ရန် တပ်ဖွဲ့အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အေဂျစ်ရိုဟာနာက ပြောသည်။

အကျဉ်းထောင် လုံခြုံရေးအစောင့်များက ဆူပူမှုထိန်းချုပ်ရန် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း မီဒီယာသတင်း များက ဖော်ပြပြီး ဒဏ်ရာရရှိသူများကို ရာဂါမာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရိုဟာနာက ပြောသည်။

ကိုလံဘိုမြို့တော်ရှိ ဝါလီကာဒါအကျဉ်းထောင်၌ အကျဉ်းသားတစ်စုက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ပြီး အာ မခံဖြင့်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ထောင်တွင်း ဆိုးရွားလာသော အခြေအနေများကြောင့် အဂူနာကိုလာပါလာဆာ အကျဉ်းထောင်ရှိ အ ကျဉ်းသားများက ဆန္ဒဖော်ထုတ်နေသည်မှာ ရှစ်ရက်တိုင်ပြီဖြစ်သည်။

ပြီးခဲ့သည့်လက အထည်ချုပ်စက်ရုံတစ်ခုနှင့် ငါးစျေးတစ်ခု၌ အစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူး စက်မှု ဖြစ်ပွားပြီးနောက် သီရိလင်္ကာနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခဲ့သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သီရိလင်္ကာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၃၄၈၄ မှုနှင့် သေဆု့းသူ ၁၁၆ ဦးရှိကြောင်း သိရသည်။

ကိုးကား – ဘီဘီစီ

Ref; Sri Lanka: Six die in prison riot over Covid panic


Share this post