• Follow Us on
Latest News

Home သီလဝါစက်မှုဇုန်ရှိ စက်ရုံ (၁) ရုံတွင် ဝန်ထမ်းများသရဲပူးဆိုသည့်သတင်း သတင်းအမှားသာဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထုတ်ပြန်

သီလဝါစက်မှုဇုန်ရှိ စက်ရုံ (၁) ရုံတွင် ဝန်ထမ်းများသရဲပူးဆိုသည့်သတင်း သတင်းအမှားသာဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၂

 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်ရှိ စက်ရုံ (၁) ရုံတွင် အမျိုးသမီး (၅၀) ဦးခန့် သရဲဝင်ပူးသည်ဟူသောသတင်းမှာ သတင်းမှားဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ် ပြန်ထားသည်။

 

ဖြစ်စဉ်မှာ သီလဝါပြည်တွင်းစက်မှုဇုန်၊ မြေကွက်အမှတ် (၁၀၇)၊ Fine Line အိတ်စက်ရုံတွင် ယမန်နေ့ ညနေ ပိုင်းက အောက်ပါအတိုင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းကို သတင်းမှားများ ထုတ်လွှင့်ကြခြင်းဖြစ်ကြောင်း၊ အမျိုးသမီး အလုပ်သမား (၁) ဦးမှာ နေမကောင်းဖြစ်၍ ဆေးခန်းသွားပြခဲ့ကြောင်း၊ ဆေးခန်းမှပြန်လာပြီး ခေတ္တနားနေစဉ် ဝက်ရူးပြန်သကဲ့သို့ ဂယောင်ဂတမ်း ထယောင်ရာ ဘေးမှ အမျိုးသမီး (၂) ဦးကပါ လန့်၍ ကတုန်ကရင် ဖြစ်သွား ပါကြောင်း၊ ၎င်းတို့ (၃) ဦးအား ဘေးမှ အလုပ်သမားများမှ နှိပ်နယ်ခြင်း၊ ယပ်ခတ်ပေးခြင်း၊ ရေတိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ သတိပြန်လည်လာပါကြောင်း၊ ၎င်းတို့ (၃) ဦးမှာ လန့်နေကြသဖြင့် စိတ်ရှင်းစေရန် ဘုန်းကြီး (၃) ပါးပင့်၍ ပရိတ်ရွတ်ဖတ်ပေးခဲ့ရာ ထူးခြားမှုမရှိခဲ့ပါကြောင်း၊ ထုတ်ပြန်ထားသည်။

 

၎င်းတို့ (၃) ဦးအပါအဝင် အလုပ်သမားအားလုံးမှာလည်း အလုပ်ဆင်းချိန်တွင် အသီးသီး အိမ်ပြန်သွားကြ သဖြင့် ယခုအချိန်တွင် စက်ရုံအား ပိတ်ထားပါကြောင်း၊ သတင်းတုများ ပြန့်နှံ့နေသကဲ့သို့ ထူးခြားမှု မရှိခဲ့ သော်လည်း အလုပ်သမားများ စိတ်ရှင်းစေရန် မတ်လ ၂ ရက်နေ့တွင် စက်ရုံတွင် ပရိတ်တရားတော်များ ထပ်မံ ရွတ်ဖတ်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာများမှ သိရကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 

#PeopleMedia


Share this post