• Follow Us on

Home သီလဝါဆိပ်ကမ်းရှိ Puma ဆီသိုလှောင်ရုံအား ဒရုန်းဖြင့် ဖောက်ခွဲရန်စီစဉ်လျက်ရှိသည့် တရားခံ (၁၀) ဦး တို့အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

သီလဝါဆိပ်ကမ်းရှိ Puma ဆီသိုလှောင်ရုံအား ဒရုန်းဖြင့် ဖောက်ခွဲရန်စီစဉ်လျက်ရှိသည့် တရားခံ (၁၀) ဦး တို့အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ်လ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Puma ဆီသိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်လျက်ရှိသည့် တရားခံ (၁၀) ဦးတို့အား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

သီလဝါဆိပ်ကမ်းရှိ Puma လေယာဉ်ဆီ သိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်လျက်ရှိသော ကျော်ဇင် (ခ)ကိုကျော် (၄၁) နှစ်အား မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်၌ DJI အမျိုး အစား ဒရုန်း ၁ စင်း၊ ၉ မမကျည် ၆၀ တောင့်၊  လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ စတင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ် ပြန်ထားသည်။

 

ဖမ်းဆီးရမိတရားခံ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများအား မင်္ဂလာဒုံမြို့နယ်၊ တောင်ကြီးမြို့၊ မြောက်ဥက္က လာပမြို့နယ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး၊ ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ ပေါင်း ၁၀ ဦး တို့အား DJI အမျိုးအစား ဒရုန်း ၁ စင်း၊ လက်ပစ်ဗုံး ၂ လုံး၊ ၊ ၉ မမကျည် ၉၅ တောင့်၊ လုပ်လက်စ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်သေနတ်ကိုယ်ထည် ၈ ခု၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြု လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ထွေးထွေးအောင်၊ ကျော်ဇင် (ခ)ကိုကျော်၊ ချစ်သက်ဦး(ခ)သူရ တို့သည် KNLA တပ်မဟာ(၇)နယ်မြေ၌ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် NUG အကြမ်းဖက်အဖွဲ့ဝင် စိုး သူရထွန်းနှင့် ချိတ်ဆက်၍ အများပြည်သူ ထိခိုက်နစ်နာစေရန်နှင့် လေယာဉ်များပျံသန်းရာတွင် လေယာဉ်ဆီ အခက်အခဲများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Puma လေယာဉ်ဆီ သိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်ခဲ့ကြောင်း၊ အကြမ်းဖက် ဖောက်ခွဲမှုများဆောင်ရွက်ရန် လိုအပ် သော DJI ဒရုန်း ၁ စီးကို ဝယ်ယူရန်အတွက် လိုအပ်သောငွေကြေးများအား စင်ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံ အိုင်းရင်းမှ ထုတ်ပေးခဲ့ကြောင်းနှင့် စိုးသူရထွန်းမှ ပို့ဆောင်ပေးမည့် ဖောက်ခွဲရေးအတွက် လိုအပ်သော ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မြောက်ဥက္ကလာ PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၅ ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရှိခဲ့ရ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိ ရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

(unicode)


………………………………………..

 


 


 


 


 


 



Share this post