• Follow Us on

Home သီပေါကုန်းမုံရွာလမ်းဘေးမှာ အမျိုးသမီး ၁ ဦးအပါအ၀င် လူ ၃ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး


Share this post

သီပေါ၊ ဇန်နဝါရီ ၂၅





Juno

photo -ကိုမျိုး


(unicode)
သီပေါကုန်းမုံရွာလမ်းဘေးမှာ အမျိုးသမီး ၁ ဦးအပါအ၀င် လူ ၃ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
…………………………………………………………………………………..

သီပေါ၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ် မြောက်ပိုင်းပြည်ထောင်စုလမ်း သီပေါမြို့နယ်ကုန်းမုံ ကျေးရွာလမ်ဘေးခြုံတောအတွင်း ဇန္နပါရီလ၂၄ရက်နေ့ မနက်ပိုင်းကအမျိုးသမီး၁ဦး အပါအ၀င်လူ၃ဦးသေနတ်ပစ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း
ယင်းဒသခံများမှ သိရသည်။

” ဇန်နပါရီလ ၂၄ရက်မနက်ပိုင်းမှာသီပေါ
မြို့နယ်ကုန်းမုံရွာ ပြည်ထောင်စုလမ်းဘေးတောစပ်ထဲမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့အမျိုးသား၂ယောက်အမျိုးသမီ၁ယောက်ပေါင်း၃ယောက်ရဲ့အလောင်းသွားပါ။ ဘယ်သူဘယ်ပါဆိုတာမသိပါဘူး။ သီပေါ ဆေးရုံကိုပို့ပေးရတာပါ ” ဟု နယ်စည်း မခြားပရဟိတအသင်းမှကိုမျိုး ကပြောသည်။

အဆိုပါ ကုန်းမုံရွာလမ်းဘေးရှိခြုံတောအစပ်များအတွင်းမူးယစ်ဆေးပါးရောင်း၀ယ်သူများသုံးစွဲသူများက ခိုလှုံနေကြကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ထို့အပြင် ဒီဇင်ဘာ၂၈ရက်မှ ဇန္နပါရီ၂၈ရက်အထိ တစ်လမပြည်မှီအတွင်းလမ်းဘေးမှာသေနတ်ပစ်ခံရလို့သေဆုံးသူကျား၉ဦးမ ၁ဦးပေါင်း ၁၀ဦးရှိခဲ့ပြီး သေဆုံးသူများကို မည်သူမည်ဝါက ကျူးလွန်သည်ကို ပြောဆိုနိုင်ခြင်းမပြုနိုင်သေးကြောင်း၊ ထို့အပြင် သီပေါမြို့ နယ်အတွင်းလက်နက်ကိုင်အဖွဲ့အစည်းများသွားလာလှုပ်ရှားနေမှုများရှိနေကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့်အရေးယူစုံစမ်းမှုများပြုလုပ်နေဆဲဖြစ်သည်ဟုသီပေါမြို့မရဲခန်းမှုးက ပြောသည်။

Juno

photo -ကိုမျိုး

#peoplemedia #မြစ်ဖျားဧရာ #သီပေါ


Share this post