• Follow Us on

Home သီေပါစခန္းအခ်ဳပ္၌ အခ်ဳပ္သား ျပင္ပဒဏ္ရာမ်ားျဖင့္ေသဆုံး၊ ေသဆုံးမႈအေပၚ ရဲတပ္ဖြဲ႕က ႀကိဳးဆြဲခ်ေသဆုံး ျခင္းဟုဆုိ၊ မိသားစုမ်ားကုိ ပြင့္လင္းျမင္သာစြာ ခ်ျပေပးရန္ေတာင္းဆုိ

သီေပါစခန္းအခ်ဳပ္၌ အခ်ဳပ္သား ျပင္ပဒဏ္ရာမ်ားျဖင့္ေသဆုံး၊ ေသဆုံးမႈအေပၚ ရဲတပ္ဖြဲ႕က ႀကိဳးဆြဲခ်ေသဆုံး ျခင္းဟုဆုိ၊ မိသားစုမ်ားကုိ ပြင့္လင္းျမင္သာစြာ ခ်ျပေပးရန္ေတာင္းဆုိ

Share this post

ရန္ကုန္၊ ေဖေဖာ္ဝါရီီ – ၁၁

ရွမ္းျပည္နယ္ေျမာက္ပုိင္း၊ သီေပါစခန္းအခ်ဳပ္၌ အခ်ဳပ္သားတစ္ေယာက္သည္ ျပင္ပဒဏ္ရာမ်ားျဖင့္ ေသဆုံးမႈ ျဖစ္ေပၚခဲ့ၿပီး အဆုိပါေသဆုံးမႈကုိ ရဲတပ္ဖြဲ႔ဝင္မ်ားက ပြင့္လင္းျမင္သာစြာခ်ျပျခင္းမရွိေၾကာင္း ေသဆုံးသူ၏ မိသားစုဝင္မ်ားက ေျပာပါတယ္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ(၆)ရက္ေန႔ ညေန(၄)နာရီအခ်ိန္ခန္႔၌ သီေပါၿမိဳ႕၊ မီးရထားရပ္ နယ္ေျမ(၁)၌ ေနထုိင္သူ ဦးလွႀကိဳင္သည္ မူးယစ္အဖြဲ႔က မသၤကာမႈျဖင့္ ေခၚယူစစ္ေဆးခံရပါတယ္။ ထုိေနာက္ မူးယစ္အဖြဲ႕မွ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံ လြဲေျပာင္းေပးခဲ့ေၾကာင္း ေသဆုံးသူ၏ မိသားစုဝင္မ်ားက ေျပာပါတယ္။

ထုိကဲ့သုိ႔ ေသဆုံးသူ ဦးေမာင္ႀကိဳင္ကုိ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးခဲ့ျခင္းအေပၚ ရဲတပ္ဖြဲ႕မွ မိသားစုဝင္မ်ားႏွင့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးကုိ အေၾကာင္းၾကားျခင္းမရွိဘဲ ေဖေဖာ္ဝါရီ(၇)ရက္ေန႔ နံနက္ (၉)နာရီအခ်ိန္ခန္႔၌ ဦးေမာင္ႀကိဳင္ ေသဆုံးေနေၾကာင္း လက္ရွိ ၿမိဳ႕နယ္ေဆး႐ုံ ရင္ခြဲ႐ုံ၌ ေရာက္ရွိေနေၾကာင္းသာ ရဲတပ္ဖြဲ႕က အေၾကာင္းၾကားခဲ့ တယ္လုိ႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ေသဆုံးသူ ဦးေမာင္ႀကိဳင္၏ အေလာင္းကုိ ျမင္ေတြႈရခ်ိန္၌ ၎၏ ခႏၶာကုိယ္၌ ညိဳမဲေနေသာအကြက္မ်ားစြာ ေတြ႕ရွိရၿပီး ႏွိပ္စက္ခံရ၍ ေသဆုံးျခင္းသာျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေျပာပါတယ္။ အဆုိပါ ဦးေမာင္ ႀကိဳင္ေသဆုံးမႈကုိ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ဦးေမာင္ႀကိဳင္သည္ အခ်ဳပ္အတြင္း၌ ႀကိဳးဆြဲခ်ေသဆုံးျခင္းသာ ျဖစ္ ေၾကာင္း ေျပာဆုိမႈကုိ မိသားစုဝင္မ်ားက လက္ခံျခင္းမရွိပါဘူး။

အဆုိပါ ေဖေဖာ္ဝါရီ(၆)ရက္ေန႔၌ ဦးေမာင္ႀကိဳင္သည္ ေဘာင္ဘီရွည္ျဖင့္ အျပင္ထြက္သြားသူျဖစ္ၿပီး လုံခ်ည္ ဝတ္ဆင္သြားျခင္းမရွိေၾကာင္း မိသားစုဝင္မ်ားကေျပာဆုိပါတယ္။ သုိ႔ေသာ္ ရဲတပ္ဖြဲ႕က ေသဆုံးသူ ဦးေမာင္ ႀကိဳင္သည္ ၎၏ လုံခ်ည္ျဖင့္ ႀကိဳးဆြဲခ်ေသဆုံးေၾကာင္း ေျပာဆုိခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ ဦးေမာင္ႀကိဳင္ ေသဆံုးမႈကုိ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ားက ေငြေၾကးျဖင့္ လာေရာက္ညိွႏႈိင္းမႈမ်ားရွိေၾကာင္း မိသားစုဝင္ မ်ားက ေျပာပါတယ္။

အဆုိပါ ဦးေမာင္ႀကိဳင္ ဥပေဒမဲ့ ေသဆုံးမႈကုိ သမၼတ႐ုံး၊ အတုိင္ပင္ခံ႐ုံးအပါအဝင္ အုပ္ခ်ဳပ္ေရးအဖြဲ႔အသီးသီးထံ မွတ္တမ္းဓါတ္ပုံမ်ားျဖင့္ တုိင္ၾကားသြားမည္ျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေျပာဆုိပါတယ္။

#peoplemedia #သီေပါ

(Unicode)
သီပေါစခန်းအချုပ်၌ အချုပ်သား ပြင်ပဒဏ်ရာများဖြင့်သေဆုံး၊ သေဆုံးမှုအပေါ် ရဲတပ်ဖွဲ့က ကြိုးဆွဲချသေဆုံး ခြင်းဟုဆို၊ မိသားစုများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန်တောင်းဆို
……………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါစခန်းအချုပ်၌ အချုပ်သားတစ်ယောက်သည် ပြင်ပဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါသေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်များက ပွင့်လင်းမြင်သာစွာချပြခြင်းမရှိကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၆)ရက်နေ့ ညနေ(၄)နာရီအချိန်ခန့်၌ သီပေါမြို့၊ မီးရထားရပ် နယ်မြေ(၁)၌ နေထိုင်သူ ဦးလှကြိုင်သည် မူးယစ်အဖွဲ့က မင်္သကာမှုဖြင့် ခေါ်ယူစစ်ဆေးခံရပါတယ်။ ထိုနောက် မူးယစ်အဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ပြောပါတယ်။

ထိုကဲ့သို့ သေဆုံးသူ ဦးမောင်ကြိုင်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းအပေါ် ရဲတပ်ဖွဲ့မှ မိသားစုဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခြင်းမရှိဘဲ ဖေဖော်ဝါရီ(ရ)ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်၌ ဦးမောင်ကြိုင် သေဆုံးနေကြောင်း လက်ရှိ မြို့နယ်ဆေးရုံ ရင်ခွဲရုံ၌ ရောက်ရှိနေကြောင်းသာ ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူ ဦးမောင်ကြိုင်၏ အလောင်းကို မြင်တွှေုရချိန်၌ ၎င်း၏ ခန္ဓာကိုယ်၌ ညိုမဲနေသောအကွက်များစွာ တွေ့ရှိရပြီး နှိပ်စက်ခံရ၍ သေဆုံးခြင်းသာဖြစ်ကြောင်း မိသားစုဝင်များက ပြောပါတယ်။ အဆိုပါ ဦးမောင် ကြိုင်သေဆုံးမှုကို မြို့နယ်ရဲတပ်ဖွဲ့မှ ဦးမောင်ကြိုင်သည် အချုပ်အတွင်း၌ ကြိုးဆွဲချသေဆုံးခြင်းသာ ဖြစ် ကြောင်း ပြောဆိုမှုကို မိသားစုဝင်များက လက်ခံခြင်းမရှိပါဘူး။

အဆိုပါ ဖေဖော်ဝါရီ(၆)ရက်နေ့၌ ဦးမောင်ကြိုင်သည် ဘောင်ဘီရှည်ဖြင့် အပြင်ထွက်သွားသူဖြစ်ပြီး လုံချည် ဝတ်ဆင်သွားခြင်းမရှိကြောင်း မိသားစုဝင်များကပြောဆိုပါတယ်။ သို့သော် ရဲတပ်ဖွဲ့က သေဆုံးသူ ဦးမောင် ကြိုင်သည် ၎င်း၏ လုံချည်ဖြင့် ကြိုးဆွဲချသေဆုံးကြောင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်၌ ဦးမောင်ကြိုင် သေဆုံးမှုကို မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ငွေကြေးဖြင့် လာရောက်ညှိနှိုင်းမှုများရှိကြောင်း မိသားစုဝင် များက ပြောပါတယ်။

အဆိုပါ ဦးမောင်ကြိုင် ဥပဒေမဲ့ သေဆုံးမှုကို သမ္မတရုံး၊ အတိုင်ပင်ခံရုံးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့အသီးသီးထံ မှတ်တမ်းဓါတ်ပုံများဖြင့် တိုင်ကြားသွားမည်ဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုပါတယ်။

#peoplemedia #သီပေါ


Share this post