• Follow Us on

Home သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးအယောက် (၁၀၀) အနွေးထည်ဝယ်ယူရန် ငွေကြေးထောက်ပံ့ ပေးခဲ့ကြောင်း ICRC ထုတ်ပြန်

သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးအယောက် (၁၀၀) အနွေးထည်ဝယ်ယူရန် ငွေကြေးထောက်ပံ့ ပေးခဲ့ကြောင်း ICRC ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ (People Media)

 

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ကလေးအယောက် ၁၀၀ အနွေးထည်ဝယ်ယူရန် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း ICRC မှ ယနေ့ ထုတ်ပြန်ထားသည်။

 

လက်နက်ကိုင်ပဋိပက္ခသည် လူတိုင်းအပေါ် သက်ရောက်မှုရှိသော်လည်း ကလေးများသည် တခြားသူများထက် ဆုံးရှုံးနစ်နာမှု ပိုမိုခံစားရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

လတ်တလောတွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ လူဦးရေ ၃၀၀ ကျော်သည် တိုက်ပွဲ များကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

 

“တချို့ဆို အမြန်ထွက်ပြေးလာရလို့  ဖိနပ်ယူဖို့ တောင် အချိန်မရှိခဲ့ပါဘူး။ အထူးသဖြင့် ညအချိန်တွေမှာ ရာသီဥတုက အေးတယ်။ ဒီအစီအစဉ်ကနေ ကလေးအယောက် ၁၀၀ ကို ပံ့ပိုးပေးနိုင်ခဲ့ပြီး က‌လေးငယ် တွေနွေးထွေးစေနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု လားရှိုးမြို့က အိုင်စီအာရ်စီဝန်ထမ်း တစ်ဦးက ပြောသည်။

 

တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများသည် ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ယာယီနေထိုင် နေကြရပြီး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ထုတ်ပြန်ထား သည်။

 

အိုင်စီအာရ်စီသည် ရှမ်းပြည်မြောက်ပိုင်း ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့်အတူ ကလေးများအတွက် အနွေးထည်ဝယ်ယူရာတွင် သုံးနိုင်ရန် မိသားစုများကို ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post