• Follow Us on

Home သီပေါမြို့နယ် KBZ ဘဏ်ဓားပြတိုက်မှုတွင် ပါဝင်သူ (၆) ဦးအား ကျပ်သိန်း (၈၄၀) ကျော်နှင့်အတူ ဖမ်းဆီးရမိ

သီပေါမြို့နယ် KBZ ဘဏ်ဓားပြတိုက်မှုတွင် ပါဝင်သူ (၆) ဦးအား ကျပ်သိန်း (၈၄၀) ကျော်နှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၈

 

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်းရှိ KBZ ဘဏ် ဓားပြတိုက်မှုတွင် ပါဝင်သူ (၆) ဦးတို့အား မတ်လ (၆) ရက်နေ့တွင် ကျပ်သိန်း (၈၄၀) ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် သီပေါမြို့၊ ပန်းတိမ်မြောက်ရပ်ကွက်၊ သရဖီလမ်းရှိ KBZ ဘဏ်အား အကြမ်းဖက်သမား (၃) ဦးမှ ပစ္စတို (၁)လက်ဖြင့် ခြိမ်းခြောက်ပြီး ဘဏ်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ် အား စစ်ဆေးခဲ့ရာ ဘဏ်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဦးနောင်နောင်ထွန်းသည် ဘဏ်ဘေးတံခါး၌ ရပ်နေစဉ် ပြည်ထောင်စုလမ်းမကြီးမှ သရဖီလမ်းသို့ မောင်းနှင်လာသော DAIA ယာဉ်အမျိုးအစား (အဖြူရောင်) ယာဉ်အမှတ်၊ စိစစ်ဆဲ (၁) စီးသည် ဘဏ်ဘေးသို့ ရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား (၃) ဦးက ဘဏ် အတွင်းသို့ ပြေးဝင်းလာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

၎င်းတို့အထဲမှ အမျိုးသား (၁) ဦးသည် ဘဏ်လုံခြုံရေးဝန်ထမ်း၏ နားထင်အား သေနတ်ဖြင့်ချိန်၍ ကျန်အမျိုး သား (၂) ဦးမှ ဓားများကိုင်ဆောင်ကာ ဘဏ်အတွင်းရှိ မန်နေဂျာနှင့် ဘဏ်ဝန်ထမ်း အမျိုးသမီး (၅) ဦးတို့အား ကြမ်းပြင်တွင် မှောက်ခိုင်းခဲ့ကြောင်း၊ ၎င်းနောက် ဘဏ်ကောင်တာရှိငွေများအား ဆာလာအိတ် (၂) လုံးထဲသို့ ထည့်၍ အနောက်ဘက် အောင်သပြေလမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးဘက်သို့ မောင်းနှင်ထွက်ပြေး သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် တရာခံ ကျား (၄) ဦး၊ မ (၂) ဦး စုစုပေါင်း (၆) ဦး အား သိန်း (၈၄၅) ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 

#PeopleMedia


Share this post